ယခုနှစ်မှာတော့ အသစ်ထပ်မံတည်ဆောက်ပြီးစီးခဲ့တဲ့ ဘားအံမြို့နဲ့ ကော့ကရိတ်မြို့အကြားမှာရှိတဲ့ ဂျိုင်းမြစ်ကိုဖြတ်ထားတဲ့ ပွန်တုံးတံတား ချဉ်းကပ်လမ်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  သြဂုတ်လ(၅)ရက်ကစတင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကုန်တင်ယာဉ်တွေအနေနဲ့ တံတားရဲ့ တစ်ဖက်တစ်ချက်စီကနေ တစ်လှည့်စီ ဖြတ်သန်းသွားလာ နေရတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုရေကြီးရေလျှံမှုကြောင့် သြဂုတ်လ(၈)ရက်မှာရေကျော်တဲ့နေရာတွေကို လမ်းအမှတ် အသားလုပ်ကာ ချဉ်းကပ်လမ်းတွေမှာ သံဘောင်ထပ်တပ်ကာ ယာယီအနေအထားပုံစံနဲ့ လမ်းအမြင့်မြှင့်တင်မှုကိုပြုလုပ်ခဲ့ပြီး ကုန်စည် ပို့ဆောင်မှု မရပ်တန့်အောင်ဖြေရှင်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သြဂုတ်လ(၈)ရက်ညမှာ ရေထပ်တက်လာတာကြောင့် တံတား ဖြတ်သန်းမှုကို ဒီကနေ့ နေ့လည်အထိပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ 

လက်ရှိမှာတော့ ရန်ကုန်မှ မြ၀တီကို  စားသောက်ကုန်၊ အ၀တ်အထည်၊ ဆေးဝါးတွေသယ်ဆောင်နေတာဖြစ်ပြီး မြ၀တီကရန်ကုန်ကို  အဓိကအားဖြင့် ပြောင်း ကိုသယ်ယူပို့ဆောင်နေတာဖြစ်ပြီး ၊ သံဘောင်၊ ဆပ်ကုန်တွေကိုလည်းသယ်ယူပို့ဆောင်နေတယ်လို့သိရပါတယ်။

 

Related News