သြဂုတ်လ(၁၂)ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို  သြဂုတ်လ(၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ 
လူငယ်တွေကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို  ကျင်းပပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေနဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို "လူငယ်ထုကြီးပါဝင်ကာပညာရေးစနစ်ပြောင်းလဲပါ"ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ဒါ့အပြင် အခမ်းအနားကျင်းပတဲ့ နှစ်ရက်တာ  ကာလအတွင်းမှာ စကားဝိုင်းများနဲ့ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမှာဖြစ်သလို ရိုးရာယဉ်ကျေးမှုနဲ့ ဖျော်ဖြေတင်ဆက်မှုများ၊Talent Show တွေနဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းနဲ့ တာဝန်ရှိသူများ၊တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

Related News