ကျေးလက်ဒေသ အသေးစားထုတ်ကုန်များ၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကုန်စည်ပြပွဲ နဲ့ အလုပ်ရုံဆွေးနွေးပွဲကို မန်္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ ဖေဖော်ဝါရီလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ကုန်စည်ပြပွဲမှာ ဆိုင်ခန်းပေါင်း ၁၀၀ ပါဝင်ပြသထားပြီး၊ ပညာပေးပြခန်း၊ ပြည်ပသွင်း ကုန်များ၊ ပြည်တွင်းထုတ်ကုန်များ ပြည်ပဈေးကွက်တင်ပို့နိုင်ဖို့အတွက် ဦးစီးပေးပြသထားပါတယ်။

ကုန်စည်ပြပွဲကို နံနက်၉နာရီ ကနေ ည၉နာရီထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး၊ ညပိုင်းမှာ ဖျော်ဖြေမှုများလဲ ပါဝင်တယ်လို့ သိရပါတယ်။ ၃ရက်တာပြုလုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲမှာ စားသုံးသူအသင်းမှ စားသုံးဆီ နဲ့ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ ကိစ္စများ၊ ပဲနှမ်းအသင်းမှ ဆီထွက်သီးနှံများ ထုတ်လုပ်မှုနှင့်ဈေးကွက်အခြေနေ၊ ထုတ်လုပ်မှုပမာဏနဲ့ ထုတ်လုပ်မှု အရည်အသွေးတိုးတက်ရေးအတွက် ဆောက်ရွက်သင့်တဲ့ လိုအပ်ချက်များ၊ ပြည်တွင်းဈေးကွက်တည်ငြိမ်ရေး၊ စားသုံးသူ၊ တောင်သူများ မျှတစွာ အကျိုးဖြစ်ထွန်းရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။  

ယခုကုန်စည်ပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီးကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနအနေနဲ့ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်ပါတယ်။    

 

 

 

Related News