အဂတိလိုက်စားမှု စွပ်စွဲချက်တွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ်္စရေးဝန်ကြီးချုပ် ““ဘန်ဂျမင်နေတန်ညာဟု”“ ကို အစ္စရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ အကျိုးအမြတ်ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေကြောင့် မေးမြန်းခံရတာဖြစ်တယ်လို့ တရားရေးရာ ၀န်ကြီးဌာနအရာရှိတွေက ပြောထားပေမယ့် အသေးစိတ် တော့ ပြောကြားထားခြင်းမရှိပါဘူး။ ၀န်ကြီးချုပ် နေတန်ညာဟု ကတော့ သူဟာ အပြစ်ကင်းစင် သလို အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားဘူးလို့ စုံစမ်းစစ်ဆေးသူတွေ သူ့ရဲ့အိမ်ကို ၀င်ရောက်ချိန်မှာ တနင်္လာနေ့တုန်းက ပြောထားပါတယ်။ အခုစုံစမ်းစစ်ဆေး မှုဟာ ဘာမှမဟုတ်လို့ အောင်ပွဲအခံကြဖို့ မစ္စတာ ညာဟု ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေနဲ့ မီဒီယာတွေကို ပြောထားပါတယ်။

မစ္စတာ ညာဟု ကို ဂျေရုစလင်မြို့မှာရှိတဲ့ သူ့အိမ်မှာ ၃ နာရီကျော်ကြာအောင် စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဂျေရုစလင်ပို့စ် သတင်းစာက သတင်းဖော်ပြပါတယ်။ ၀န်ကြီးချုပ်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ စိးပွားရေး လုပ်ငန်းရှင်တွေထံကနေ မသင့်လျော်တဲ့ လက်ဆောင် ဒေါ်လာထောင်ချီ လက်ခံခဲ့တယ်လို့ သတင်းစာကဖော်ပြပါတယ်။ ၀န်ကြီးချုပ်ကတော့ ရုပ်သံစတူရီယိုတွေနဲ့  အတိုက်အခံတွေဘက်ကနေ အောင်ပွဲခံလိုတဲ့ အခြေအနေတွေကို တွေ့နေရတယ်လို့ သူ့ရဲ့ပါတီဝင် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံချိန်မှာပြောထားပါတယ်။ မစ္စတာ ညာဟု ရဲ့ အတိုက်အခံတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း အရှုပ်တော်ပုံတွေမှာ ပါဝင်ပတ်သက်မှုနဲ့ စုံစမ်းစစ်ဆေးခံရပေမယ့် တရားစွဲဆို ခံရတာမျိုးတော့ မရှိသေးပါဘူး။ 

Related News