မြန်မာနိုင်ငံရဲ့ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားအဖြစ် ရန်ကုန်က မဟာဗန္ဓုလပန်းခြံမှာလည်း ဇန်န၀ါရီလ ၄ ရက်က ကျင်းပရာမှာ လွတ်လပ်ရေးတိုက်ပွဲဝင်ခေတ်က ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) တပ်ဖွဲ့ဝင်ဟောင်းတွေပါ တက်ရောက်ကြပါတယ်။ဒါကတော့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့မတိုင်ခင်တစ်ရက်အလိုမှာ (BDA) တပ်ဖွဲ့ဝင်ဟောင်းဦးဘတင်နဲ့တွေ့ဆုံမေးမြန်းထားတာပါ။အခုနှစ်ကျရောက်တဲ့ ၆၉ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနားကိုတော့ မဟာဗန္ဓုလ ပန်းခြံမှာပြုလုပ်တာပါ။

ဒီနေ့အခမ်းအနားကို ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ မိသားစုဝင်တွေ၊ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအ၀င် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊  လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ အသီးသီးက အဖွဲ့ဝင်တွေလည်း တက်ရောက်လာကျပါတယ်။ ယခုနှစ်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အရင်ကပြည်သူ့ရင်ပြင်မှာကျင်းပပြီး အခုနှစ်မှာတော့ နေရာပြောင်းကျင်းပခဲ့သလို(BDA) တပ်ဖွဲ့ဝင်ဟောင်းတွေလည်း တက်ရောက်ကြပါ တယ်။ဒီကနေ့ လွတ်လပ်နေ့အောင်ပွဲအခမ်းအနားကို (BDA) တပ်ဖွဲ့ဝင်ဟောင်း ၅ ဦးတက်ရောက်ခဲ့ပါ တယ်။ရန်ကုန်မှာ ကျင်းပတဲ့ဗန္ဓုလပန်းခြံဟာ လွတ်လပ်ရေးကျောက်တိုင်တည်ရှိတဲ့နေရာဖြစ်ပြီး ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပခဲ့တာပါ။

Related News