လူငယ်ပရဟိတသမားတွေ စုပြီး မနေ့က ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့က ရန်ကုန်မြို့ စမ်ချောင်းမြို့နယ်က မြေနီးကုန်းအနီးတ၀ိုက်မှာ အမှိုက်ကောက်သန့်ရှင်းရေး တွေလုပ်ဆောင်ခဲ့ ပါတယ်။ဒီ ကမ်ပိန်းက Green & Clean, PS Business School  ၊မွန်မြတ်မေတ်္တာ၊ ရှင်ရေးကူညီမှု အသင်း၊ ဒလမြို့နယ်က ကိုယ့်စားရိတ်ကိုယ်စား အမေစုသားများ အနှေးယာဉ်လုပ်သား အဖွဲ့ အပါအ၀င် ပရဟိတ (၁၀) ဖွဲ့ကျော်က ပရဟိတသမားပေါင်း (၂၀၀) ကျော် အတူအကွ လုပ်ဆောင်ခဲ့တာပါ။စင်ကာပူရောက်မြန်မာတွေဖွဲ့ထားတဲ့ Green & Clean  အဖွဲ့ဟာ စင်ကာပူမှာကတည်းက မြန်မာပွဲတွေမှာ အမှိုက်ကောက် တာတွေပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အခုလို အမှိုက်ကောက်လှုပ်ရှားမှုတွေကို ဦးဆောင်စီစဉ်နေပါတယ်။

မြေနီကုန်း ပဒုမ္မာပန်းခြံကနေစပြီး အဖွဲ့တွေခွဲကာ မြေနီကုန်းမီးပွိုင့်အနီးပတ်ဝန်းကျင်၊ ဓမ္မစေတီလမ်း၊ ပြည်လမ်းဆုံ၊ မဟာဝိဇယ၊ ဗားကရာလမ်းစတဲ့လမ်းတွေပေါ်နဲ့ အနီးက ရပ်ကွက်လမ်းတွေ အတွင်းမှာ အမှိုက်ကောက် တာတွေ ကို စုပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် မြို့တော်သန့်ရှင်းသာယာရေး တိုက်တွန်း တဲ့စတေကာ တွေကိုလည်းမော်တော်ယာဉ်တွေမှာ ကပ်ပေးတာတွေ လက်ကမ်းစတစ်ကာဝေငှတာတွေ ပြုလုပ်ခဲ့သလို စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတာတွေမပြုလုပ်ကြဖို့ ကွမ်းတံတွေးအိတ်တွေကိုလည်း ဝေငှခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်လွတ်လပ်ရေးနေ့ကလည်း ဒီပရဟိတအဖွဲ့တွေစုပြီး ရန်ကုန်မြို့ အင်းလျား ကန်ဘောင် အနီးတ၀ိုက်မှာ အမှိုက်ကောက်တာတွေပြုလုပ်ခဲ့ပါသေးတယ်။ အခုအမှိုက်ကောက်တဲ့ ပရဟိတအဖွဲ့တွေထဲတစ်ချို့ဟာ မြန်မာဘောလုံးပွဲစဉ်တွေအတွင်း အမှိုက်ကောက်တာတွေ အပြင် လက်ရှိ ပြည်သူ့ရင်ပြင်တရားပွဲမှာပါ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်နေတာပါ။

Related News