ပြည်တွင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်နိုင်ရေးအတွက် ကဏ္ဍ အသီးသီး ပူးပေါင်းပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇန်န၀ါရီ(၇)ရက်က ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။  ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းက ဦးဆောင်ပြုလုပ် တာပါ။ဒီဆွေးနွေးပွဲမှာ ပဒိုစောကွယ်ထူးဝင်းအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊NRPC က ဦးလှမောင်ရွှေ၊ ငြိမ်းဖောင်ဒေးရှင်းက ဒေါ်ဂျာနန်လထော် စာရေးဆရာ နောင်ကျော်နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော်တို့ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အခုဆွေးနွေးပွဲက ရန်ကုန်မြို့မှာ ဒုတိယအကြိမ်ကျင်းပပေးတာ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း  စဉ်တွေမှာ ပြည်သူလူထုနဲ့ အမျိုးသမီးထုတွေပါဝင်ဆွေးနွေးနိုင်မယ့် အချက်တွေကို အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လိုအပ်ချက်တွေကိုလည်း ပါဝင်ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်တဲ့ ဦးရန်ကျော်ကလည်း အခုလိုပြောပြပါတယ်။ဒီဆွေးနွေးပွဲကိုတော့ နိုင်ငံရေးပါတီအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု တွေက ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသန အသင်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို တိုင်းနဲ့ပြည်နယ် (၁၄)ခုမှာ လိုက်လံကျင်းပ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related News