ရန်ကုန်မှာ မထသယာဉ်လိုင်းတွေအစား အခုဇန်န၀ါရီလ ၁၆ ရက်မှာစတင် ပြောင်းလဲ ပြေးဆွဲမယ့် အများပိုင်ယာဉ်လိုင်းစနစ်အပေါ် လက်ရှိပြေးဆွဲနေတဲ့ယာဉ်လိုင်းပိုင်ရှင်တချို့က ဝေဖန်မှုတွေရှိနေပါတယ်။မ၂၀၀၀ ခုနှစ် ကတင်သွင်းခွင့်ရခဲ့တဲ့ ယာဉ်တွေနဲ့ ၁၉၉၈ အောက်မော်ဒယ်နိမ့်ကားဖြစ်တဲ့ ဒိုင်နာကားပိုင်ရှင်တွေဟာ အများပိုင်ယာဉ်လိုင်းထဲဝင်ရောက်လျှောက်ထားရင် အကျိုးအမြတ် မရှိနိုင်ဘူးဆိုပြီး ဝေဖန်ပြောဆိုနေတာပါ။

အခုပြောင်းလဲမယ့် အများပိုင် ယာဉ်လိုင်းစနစ်မှာ  အုပ်စု(၁)မှာတော့ ကားအသစ်တွေဖြစ်ပြီး အုပ်စု(၂)မှာတော့ အခုပြေးဆွဲနေတဲ့ အဲယားကွန်းကားတွေ နဲ့ CCTV ကားတွေပါတဲ့ ယာဉ်လိုင်းတွေဖြစ်ပါတယ်။ အုပ်စု(၃)မှာတော့ (၃၄)နဲ့ (၂၀၄) လိုင်းလို မီနီဘစ်ကားတွေ နဲ့ ပြေးဆွဲမှာဖြစ်ပြီး အုပ်စု(၄)မှာတော့ ဒိုင်နာကားတွေအစား စလစ်နဲ့ ပြန်တင်သွင်းတဲ့ ကားတွေ ပြေးဆွဲမယ်လို့ သိရပါတယ်။

အခုလက်ရှိအထိတော့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းစနစ်မှာ မထသအောက် ယာဉ်လိုင်းတွေအပါအ၀င် ပုဂလိကလိုင်းကား ၅၀၀၀ နီးပါးလာရောက်လျှောက်ထားနေကြပါတယ်။ဒီနေ့ ဇန်န၀ါရီ ၁၀ ရက် ထုတ်ပြန်ထားချက်အရ ယာဉ်လိုင်းနံပတ် ၆၀ အထိရှိပြီး၊ အမှတ် ၁၃ လိုင်းကတော့ မပြေးဆွဲသေးပဲ လိုင်းပေါင်း ၅၉ လိုင်းနဲ့ စတင်ပြေးဆွဲမှာပါ။

Related News