အင်းစိန်မြို့တည်ထောင်ခြင်း(၁၁၄)နှစ်ပြည့် မော်ကွန်းအထိမ်းအမှတ်အခမ်းအနားကို ဇန်န၀ါရီလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်ရှိ အားကစားကွင်းမှာ ပြုလုပ်နေပါတယ်။ အခမ်းအနားမှာတော့ အင်းစိန်မြို့နယ်က ထင်ရှားတဲ့ အဆောက်အဦးတွေ၊ ဘုရားစေတီပုထိုးတွေရဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေအပြင် အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်တွေ၊ လူမှုအကျိုးပြုအသင်းတွေရဲ့ လှုပ်ရှားမှုတွေကို အားကစားကွင်းအတွင်းမှာ ပြခန်းပေါင်း(၄၀)ကျော်နဲ့ ပြသထားပါတယ်။

အခုပြုလုပ်တဲ့ အင်းစိန်မြို့တည်ခြင်း (၁၁၄)နှစ်ပြည့်အခမ်းအနားကို  ပထမဆုံး အကြိမ်ပြုလုပ်တာဖြစ်ပြီး စာပေဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွက်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပတာ ဖြစ်ပါတယ်။ အင်းစိန်မြို့ဟာ နယ်ချဲ့အင်္ဂလိပ် အစိုးရလက်ထက် (၁၉၀၃)ခုနှစ်မှာ ခရိုင်မြို့အဆင့်အနေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ 

Related News