ပြီးခဲ့တဲ့နှစ်စက်တင်ဘာလဆန်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ်္စတာကိုဖီအာနန်ဥက်္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဟာ ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို မတ်လ(၁၆)ရက် မနေ့ညနေက တင်သွင်းခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေလိုကိစ္စတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ လတ်တလောအရေးတကြီးလုပ်ဆောင်ရမယ့်ကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ဒီကြားဖြတ်အစီရင်ခံစာကိုတင်သွင်းတာလို့ ပြောသွားပါတယ်။ဒီအစီရင်ခံစာမှာ အကြံပြုချက်ပေါင်း(၃၀) ပါဝင်တယ်လို့သိရပါတယ်။

အကြံပြုချက်တွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရားဝင်ကုန်သွယ်ရေးကို တိုးတက်စေဖို့ကိစ်္စတွေနဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်နိုင်အောင် လုပ်ဆောင်ဖို့ကိစ်္စတွေလည်းပါဝင်နေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဒေသခံအသိုက်အ၀န်းတွေရဲ့ကျန်းမာရေးနဲ့ပညာရေးအခြေအနေတွေကို ညီတူညီမျှ တိုးတက်အောင် လုပ်ဆောင်သင့်တဲ့အပိုင်းတွေကိုလည်း အကြံပြုထားတယ်လို့ ဆိုပါတယ်။ဒီကြားဖြတ်အစီရင်ခံစာတင်သွင်းတာနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်တာကို မစ္စတာကိုဖီအာနန်ကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိပေမယ့် သူရဲ့ကိုယ်စားမစ္စတာဂါဆမ်းဆလာမီက ဥက်္ကဌအနေနဲ့ဆောင်ရွက်ပေးသွားတာတာပါ။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာနဲ့ ဒီဇင်ဘာလတွေထဲမှာ ရခိုင်ပြည်နယ်ကအခြေအနေတွေကို သွားရောက်လေ့လာခဲ့ ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရဘက်က ကြိုဆိုသလို   ကော်မရှင်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်တယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မတ်လ(၁၆)ရက်ညက ထုတ်ပြန်ထားပါတယ်။

Related News