အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျာမနီ အဓိပတိ အန်ခလာ မာကယ်လ်တို့ဟာ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ်တွေဆုံဆွေးနွေးပြီဖြစ်ပါတယ်။ အခုတွေဆုံမှုအတွင်း ကုန်သွယ်ရေး၊ ရုရှားနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စတွေကို အမြင်ချင်းဖလှယ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျာမနီအဓိပတိ အန်ခလာ မာကယ်လ်တို့ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးပြီဖြစ်ပါတယ်။ ဂျာမနီအဓိပတိ မာကယ်လ်က သဘောထားချင်းတိုက်ဆိုင်မှုမရှိတဲ့ကဏ္ဍတွေကိုဖြေရှင်းနိုင်ဖို့ရေး ကြိုးပမ်းနေပြီး နှစ်ဖက်ပြည်သူတွေကောင်းကျိုးရှာတွေ့နိုင်ရေး လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

ဒါ့ပြင် ၂နိုင်ငံစလုံးအတွက် ကုန်သွယ်ရေးကို ညှိနှိုင်း အဖြေရှာဖို့ ကြိုးပမ်းခဲ့တဲ့တယ်လို့ မာကယ်လ်က ပြောပါတယ်။သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတ ထရမ့်က သူနဲ့ ဂျာမနီအဓိပတိတို့ကြား တူညီမှုတစ်ခုရှိခဲ့ပြီး အဲ့ဒီတူညီမှုဟာ သူတို့ရဲ့ဖုန်းတွေ သမ္မတအိုဘားမားလက်ထက် ကြားဖြတ်နားထောင်ခံခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။သမ္မတအိုဘားမားလက်ထက်မှာ အဓိပတိမာကယ်လ်ရဲ့ဖုန်းကို ကြားဖြတ် နားထောင်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကြောင့် ဂျာမနီဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။ အခုတွေ့ဆုံ မှုအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြောက်အတ္တလန္တိတ်ချုပ်အဖွဲ့(နေတိုး)အရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။ နေတိုးအဖွဲ့စစ်ရေးအသုံးစရိတ်မှာ ဂျာမနီက ကတိက၀တ်ပြုထားတဲ့ အသုံးစရိတ် ၂ ရာခိုင်နှုန်းပါဝင်ရေးကို အဓိပတိ မာကယ်လ်ကို တိုက်တွန်းထားသလို မာကယ်ဘက်ကလည်း လက်ခံထားတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ 

 

 

 

Related News