ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့် ဇနီးဒေါ်စုစုလွင် တို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ပင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဒီကနေ့ မြန်မာစံတော်ချိန် ၇ နာရီ ၅၀ မှာ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ နိုင်ငံတော်သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်မှာ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူတွေက လေဆိပ်မှာ  ပို့ဆောင်နှုတ်ဆက် ခဲ့ပါတယ်။

 

 

 

Related News