မန္တလေးသင်္ကြန် လုံခြုံရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှာရှိတဲ့ အင်အားရဲ့ (၇၀)ရာခိုင်နှုန်းကို အသုံးပြုကာ လုံခြုံရေးလုပ်ဆောင်သွာမှာဖြစ်တယ်လို့သိရပါတယ်။ ပုံမှန်လုံခြုံရေး အတွက်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ အင်အား ၃၀ ရာခိုင်နှုန်းကိုသာအသုံးပြုမှာဖြစ်ပြီး သင်္ကြန်ကာလ လုံခြုံရေးအတွက် ကွပ်ကဲရေးရုံးတွေကို ဗဟိုအဆင့်၊ မြို့နယ်အဆင့်တွေခွဲခြားပြီးတော့လည်း ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ မန္တလေးမြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပရေးအတွက် စီမံခန့်ခွဲရေး၊ လုံခြုံရေးနဲ့ စည်ကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်တွေနဲ့ ဧပြီလ(၆)ရက် တိုင်းဒေသကြီး ထွေထွေအုပ်ချုပ်ရေး ရုံးမှာ လုပ်ငန်းညှိနှိုင်းစည်းဝေးခဲ့ကြပါတယ်။

မဟာအောင်မြေမြို့နယ် မနော်ရမ္မံ ကွင်းမှာ ကျင်းပမယ့် လူငယ်သင်္ကြန်ပွဲတော်၊ မန္တလေးကျုံးတောင်ဘက် ၂၆ လမ်းမှာကျင်းပမယ့် လမ်းလျှောက်သင်္ကြန် ဒီလို ထူးထူးခြားခြားကျင်းပပြုလုပ်မယ့် အစီအစဉ်နေရာတွေမှာ ဓား၊ တုတ် အန္တရာယ်ရှိ ပစ်္စည်းတွေအပြင် အထုတ်အပိုးတွေကို စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ မန္တလေးမြို့နဲ့ နီးစပ်တဲ့မြို့နယ်တွေ လာရောက်လည်ပတ်နိုင်မယ့် မြို့အ၀င်အထွက် (၅)နေရာမှာ လည်း လုံခြုံရေးတွေချထားမှာဖြစ်ပြီး နေ့ခင်းသင်္ကြန်ရေကစားနားချိန်တွေမှာ လူထုအပန်းဖြေနေရာေ တွဖြစ်တဲ့ တောင်သမန်အင်း၊ ကန်တော်ကြီး စတဲ့နေရာတွေမှာလည်း လုံခြုံရေးတွေ ချထားပေးမှာဖြစ် တယ်လို့ သိရပါတယ်။ အခြားအပန်းဖြေနေရာတွေဖြစ်တဲ့ ရေပြာအိုင်၊ (၆)မိုင်ကမ်းခြေ၊ (၇)မိုင် ကမ်းခြေတွေကိုတော့ ပြင်ဦးလွင်ခရိုင် လုံခြုံရေးတွေထပ်မံဖြည့်တင်းချထားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Related News