စိန့်ပီတာစဘတ်မြို့ မြေအောက်ဘူတာမှာဖြစ်ပွားတဲ့ အသေခံဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး လူ ၈ ဦးကို အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ရုရှားအာဏာပိုင်တွေက တရားစွဲဆိုပြီဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ဆက်လက်စုံစမ်းနေချိန်မှာပဲ  အသက် (၂၀)နဲ့ (၃၉)နှစ် ကြား မသင်္ကာသူ၆ ဦးကို ဇွန်လ(၂)ရက်မတိုင်အခင် ထိန်းသိမ်းထားဦးမှာဖြစ်တယ်လို့ စိန့်ပီတာစဘတ်မြို့ တရားရုံးတစ်ရုံးက ပြောပါတယ်။ မသင်္ကာသူတွေထဲက တစ်ဦးကို မြေအောက်ဘူတာရုံမှာတွေ့ခဲ့တဲ့ ဖောက်ခွဲရေးပစ်္စည်းတွေနဲ့တူတဲ့ ပေါက်ကွဲစေတဲ့ပစ်္စည်းနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ဒါ့ပြင် မသင်္ကာသူတွေရဲ့နေအိမ်မှာ လက်နက် ခဲယမ်းတွေကိုလည်း တွေ့ခဲ့တယ်လို့ ဗုံးခွဲမှုကို စုံစမ်းနေတဲ့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောပါတယ်။ မသင်္ကာသူ တွေဟာ အကြမ်းဖက်မှု၊ အကြမ်းဖက်မှုဖြစ်စေတဲ့ပစ္စည်းများ ပိုင်ဆိုင်မှုနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ကြံရာပါလို့ မသင်္ကာသူ အမျိုးသားနဲ့အမျိုးသမီး ၂ ဦးကိုလည်း မော်စကိုမြို့မှာ ကြာသပတေးနေ့တုန်းက ဖမ်းမိခဲ့ပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရ တယ်လို့ တက်စ် သတင်းဌာနက သတင်းဖော်ပြပါတယ်။ လူပေါင်း ၁၃ ဦးသေဆုံးစေခဲ့တဲ့ စိန့်ပီတာစဘတ်မြို့ မြေအောက်ဘူတာ ရုံအသေခံဗုံးဖောက်ခွဲခံရမှုကို ပြုလုပ်ခဲ့သူဟာ အသက် ၂၂ နှစ်အရွယ် ဂျာလီလော့ ဆိုသူဖြစ်တယ်လို့ ရုရှားသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။ 

 

 

Related News