ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့ဝင်(၁၀၀၀)ကျော်ကို နိုင်ငံတကာ ခုခံကာကွယ် ဖမ်းဆီးနည်းတွေသင်ကြားပေးထားပြီးဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ခုလို ဖမ်းဆီးနည်းပညာရပ်တွေကို ပြည်တွင်းလုံခြုံရေးအတွက် ပြစ်မှုကျူးလွန်သူတွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတွေမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးရာမှာ လူ့အခွင့်အရေး ချိုးဖောက်တာမရှိစေဘဲ နိုင်ငံတကာစံချိန်၊ စံညွှန်းတွေနဲ့အညီ ခုခံကာကွယ် ဖမ်းဆီးနိုင်ဖို့ ၂၀၁၄ ခုနှစ်ကတည်းက ဥရောပသမဂ္ဂက ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းကာ  ပို့ချသင်ကြား ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း တက်ရောက်ခဲ့တဲ့ နည်းပြတွေကနေ တိုင်းရဲတပ်ဖွဲ့ အတွင်းမှာ ဆင့်ပွားသင်တန်းတွေကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးခဲ့တာပါ။ 
 
ဒီနှစ်ထဲမှာတော့ လက်ရှိချိန်ထိ(၄)ကြိမ်မြောက် သင်တန်းပေးထားနိုင်ပြီး ဇွန်လ ၂၃ ရက်မှာတော့ ဖမ်းဆီးနည်းဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၇)သင်တန်းဆင်းပွဲကို  တိုင်းရဲတပ်ဖွဲ့ရုံးမှာ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ဒီဖမ်းဆီးနည်း ဆင့်ပွားသင်တန်းဆင်းပွဲမှာတော့ သင်တန်းက ပိုချပေးခဲ့တဲ့ ဖမ်းဆီးနည်းပညာရပ်တွေကို သရုပ်ပြသမှုတွေအပါအ၀င် ထူးချွန်ဆုနဲ့ ဂုဏ်ပြုဆု တွေကိုလဲ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချူပ်ဝင်းနိုင်က တက်ရောက်ချီးမြင့်ပေးခဲ့ပါတယ်။ဒီသင်တန်းဆင်းပွဲကို တိုင်းရဲတပ်ဖွဲ့ဝင် အရာရှိတွေနဲ့ မြို့မိမြို့ဖတွေလဲတက်ရောက်ခဲ့ကြပါတယ်။ (၄/၂၀၁၇) ဆင့်ပွားသင်တန်းက သင်တန်းသားတပ်ဖွဲ့ဝင် (၇၀)ကျော် အပါအ၀င် ဒီနှစ်ထဲ သင်တန်းသား တပ်ဖွဲ့ဝင်အရာရှိ၊ အခြားအဆင့် (၄၀၀)သင်ကြားထားနိုင်ပြီး ၂၀၁၄ခုနှစ်ကနေ လက်ရှိအချိန်ထိ  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင် (၁၀၀၀)ကျော် သင်ကြား တတ်မြောက်ထားပြီး ဖြစ်တယ်လို့လဲ တိုင်းရဲတပ်ဖွဲ့က ပြောကြားချက်အရ သိရပါတယ်။
 
 

Related News