တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကိစ်္စတွေနဲ့ စပ်လျဉ်းပြီး တရုတ်ရဲတပ်ဖွဲ့ကနေ ဘဏ်စာရင်းတွေကိုပါ ဖော်ထုတ်စစ်ဆေးနေလို့  မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကိုပါ ဇွန်လ(၁၅)ရက်ခန့်က ယာယီပိတ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ(၂၃)ရက် ညနေ(၆)နာရီမှာတော့ ယာယီအပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေထဲကမှ မြန်မာကုန်သည်အချို့ရဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ 
တရုတ်နိုင်ငံဘက်က ဘဏ်တွေမှာ ယာယီအပိတ်ခံထားရတဲ့ ဘဏ်စာရင်း(၅၀၀၀) လောက်ရှိတဲ့အထဲက မြန်မာနိုင်ငံသားများရဲ့ ဘဏ်စာရင်းကတော့ တရုတ်နိုင်ငံဘက်ကစာရင်းတွေ အရ (၁၃၄)ခုရှိတယ်ဆိုပေမယ့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရဲ့ နောက်ဆုံးစာရင်းတွေအရတော့ မြန်မာ့နိုင်ငံသားများရဲ့ ဘဏ်စာရင်း(၂၀၀)ကျော်လောက်ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ဇွန်လ(၂၃) ရက်နေ့ ညနေ(၆) နာရီမှာတော့ ယာယီအပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေထဲကမှ မြန်မာကုန်သည်အချို့ရဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။  ဘဏ်စာရင်းတွေပြန်ဖွင့်ပေးတာနဲ့ပတ်သက်ပြီး မူဆယ်နယ်စပ်က ကုန်သည်တွေကလည်း အခုလိုပြောပါတယ်။
 
တရုတ်နိုင်ငံဘက်ကဘဏ်တွေမှာမြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေ ယာယီ အပိတ်ခံရတာနဲ့ပတ်သက်ပြီး စတင်ဖြစ်ပွားကတည်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံစီးပွားရေးကောင်စစ်ဝန်နဲ့ ညှိနှိုင်းခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံကလည်း  မြန်မာနိုင်ငံမှ သက်ဆိုင်ရာအစိုးရဌာန ၊ ပုဂ်္ဂလိက အသင်းတွေက တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဘဏ်စာရင်းတွေ ယာယီအပိတ်ခံထားရမှုကြောင့် လတ်တလောမှာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ထိခိုက်မှုရှိနေတဲ့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင် တွေအနေနဲ့ ကုန်သွယ်မှုလုပ်ငန်းနဲ့မသက်ဆိုင်တဲ့အတွက် အွန်လိုင်းလောင်းကစားမှုမှာ မပါဝင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့တောင်းဆိုခဲ့တာလို့ သိရပါတယ်။
 
 

Related News