မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကိုအပြည့်အ၀တီထွင်နိုင်ခြင်းမရှိသေးကြောင်းနှင့် လွန်ခဲ့သောသီတင်းပတ်ကပစ်လွှတ်စမ်းသပ်ခဲ့သည့် ဒုံးပျံသည် လေထုအတွင်းပြန်လည်ဝင် ရောက်နိုင်ခဲ့ခြင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိဟုတောင်ကိုရီးယားYonhapသတင်းဌာနကဖော်ပြခဲ့သည်။

ဇူလိုင်လ ၄ ရက်ကပစ်လွှတ်ခဲ့သည့် ဒုံးပျံသည် အမေရိကတိုက်ကုန်းမကြီးပေါ်သို့ရောက်ရှိနိုင်ကြောင်းသိရသည့်အတွက် မြောက်ကိုရီးယားနိုင်ငံနျူကလီယားအစီအစဉ် နှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် ကြီးမားသော နျူကလီးယားထိပ်ဖူးကိုသယ်ဆောင်နိုင်သည့် တိုက်ချင်းပစ် ICBMပဲ့ထိန်းဒုံးကိုတီထွင်နိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့သော်လည်းအတည်ပြု နိုင်မည့် သက်သေမရှိကြောင်းလစ်ဗာတီကိုရီးယားပါတီမှ လွှတ်တော်ကိုယ်စားလှယ် Yi Wan-young က အမျိုးသား ထောက်လှမ်းရေးဌာနတာဝန်ရှိသူများနှင့်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်းYonhapသတင်းဌာနကဖော်ပြခဲ့ သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် Punggye-Riစမ်းသပ်ကွင်းတွင် အချိန်မရွေး နျူကလီယားစမ်းသပ်မှုပြုလုပ်နိုင်စွမ်းရှိကြောင်းသို့သော် ယခုချက်ခြင်းဆောင်ရွက်မည့်လက္ခဏာတော့မတွေ့ရှိရကြောင်းYi က အဆိုပါ သတင်းဌာနသို့ပြောကြားခဲ့သည်။

ဇူလိုင်လ ၄ ရက်ကပစ်လွှတ်ခဲ့သောHwasong-14ဒုံးပျံသည် အဝေးဆုံးအကွာအဝေး (၄၁၆၃) မိုင် အထိရောက်ရှိနိုင်သည့်အတွက် အလက်စကားပြည်နယ်ရှိပစ်မှတ်များကိုထိရောက်ပေါက်ကွဲနိုင်သော်လည်းအမေရိကန် ကုန်းမကြီးသို့မဟုတ် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိအရွယ်အစားကြီးမားသော ဟာဝိုင်အီကျွန်းများအထိမရောက်ရှိနိုင် ကြောင်းသိရသည်။

အဆိုပါဒုံးပျံစမ်းသပ်ပစ်လွှတ်ပွဲအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တက် ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် Hwasongဒုံးကျည်သီချင်းနှင့် အခြားသူများမနာလိုဖြစ်စေမည် ဟူသည့်ကပြဖျော် ဖြေပွဲများလည်းပါဝင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံအစိုးရသတင်းဌာနဖြစ်သောKorean Central News Agency က ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ မေလ ၁၄ ရက်က ပြုံယမ်းမှ ပစ်လွှတ်ခဲ့သောပဲ့ထိန်းဒုံးသည် ကမ္ဘာ့လေထုအတွင်းအောင်မြင်စွာ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည့်အတွက် မြောက်ကိုရီးယားနျူကလီးယားအစီအစဉ်၏ ထိုးဖေါက်အောင်မြင်နိုင် မှုကိုဖော်ပြခဲ့သည်ဟု ကျွမ်းကျင်သူများကပြောကြားခဲ့ကြကြောင်းTelegraphသတင်းဌာနဖော်ပြခဲ့သည်။ 

 

 

Related News