စင်္ကာနိုင်ငံရဲ့ ပြည်ပအ၀င်ခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံပြီးရင် မြန်မာခရီးသွားများ လည်ပတ်မှုအများဆုံး ဖြစ်တယ်လို့ စက်တင်ဘာလ (၇)ရက်ကနေ (၁၀)ရက်နေ့အထိ ရန်ကုန်မြို့ Junction City မှာပြုလုပ်နေတဲ့ စင်္ကာပူပွဲတော်မှ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ  စင်္ကာပူကို မြန်မာဧည့်သည်တွေ သွားရောက်လည်ပတ်မှုမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်နှုန်း Compound Annual Growth Rate +(၅.၁)ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ်မှာ မြန်မာခရီးသည်စုစုပေါင်း (၁၁၄,၀၀၀)ဦး စင်္ကာပူကို သွားရောက် လည်ပတ်ခဲ့ရာ မြန်မာခရီးသွားများ အနှစ်သက်ဆုံး ထိပ်တန်းခရီးသွားနေရာ (၃)ခုထဲမှာ ပါဝင်နေပြီး၊ စင်္ကာပူကို မြန်မာခရီးသည်အ၀င်ဟာ ၂၀၁၅ ခုနှစ်ထက်(၈)ရာခိုင်နှုန်း တိုးတက်လာခဲ့ တယ်လို့ သိရပါတယ်။  

၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ကစပြီး စင်္ကာပူနဲ့မြန်မာနှစ်နိုင်ငံကြား ဗီဇာကင်း လွတ်ခွင့်ပြုခဲ့ရာ အဲ့ဒီ့(၂၀၁၆ ဒီဇင်ဘာလ)ထဲမှာပဲ စင်္ကာပူနိုင်ငံကို မြန်မာဧည့်သည်အ၀င် (၄၀)ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စင်္ကာပူကို လာရောက်လည်ပတ်တဲ့ မြန်မာခရီးသွား အရေအတွက်ဟာ ၂၀၁၇ ခုနှစ် ပထမ ခြောက်လတာအတွင်း လူဦးရေ(၇၆၀၀၀)ခန့်ရှိရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရင် (၂၈) ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။ မြန်မာခရီးသွားများအနေနဲ့ စင်္ကာပူနိုင်ငံကို အလုပ်ကိစ္စအတွက်သာမက အပန်းဖြေရန်အတွက်ပါ သွားရောက်လည်ပတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

Related News