မြင့်မိုရ်မေတ္တာခိုနားရာပရဟိတအဖွဲ့၊မန္တလေးပန်းပျိုးသူပရဟိတအဖွဲ့၊ BK Foundation နဲ့ မကွေးပရဟိတအဖွဲ့အစည်းတွေစုပေါင်းပြီး ရခိုင်ဒေသရှိဒုက္ခသည်တွေစခန်းတွေကို စက်တင်ဘာလ (၁) ရက်နေ့ကသွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ရခိုင်ဒေသရှိဒုက္ခသည်စခန်းတွေကိုသွားရောက်မလှူဒါန်းခင်မှာ ပရဟိတအဖွဲ့အစည်းတွေမှ နေရာအနှံ့အပြားမှာ(၂)ရက်ကြာအလှူခံပြီးမှသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုအလှူခံပြီးရရှိလာတဲ့အလှူငွေကျပ်သိန်း(၂၇၀)ကျော်ကို ငွေသားတွေပဲယူပြီး ရခိုင်ဒေသရောက်မှသာ ဆန်၊ ငါးခြောက်၊ ဆီတွေကိုဝယ်ယူပြီးလှူဒါန်းခဲ့တာဖြစ်ပါတယ်။အခုလိုပရဟိတအဖွဲ့အစည်းတွေက စစ်တွေမှာဒုက္ခသည်စခန်း(၆)ခု၊ဘူးသီးတောင်မှာ ဒုက္ခသည်စခန်း (၁၁)ခု၊ မောင်တောမှာဒုက္ခသည်စခန်း(၁)ခု တို့ကို ၀ယ်ယူထားတဲ့ ဆန်၊၊ငါးခြောက်၊ဆီ အားလုံးကိုဝေပေးခဲ့တယ်လို့သိရပါတယ်။ဒီလိုလှူဒါန်းမှုတွေပြုလုပ်ရာမှာ အန္တရာယ်မဖြစ်ပေါ်စေဖို့ လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီးလည်းပြောပြခဲ့ပါတယ်။ ရခိုင်ဒေသရှိဒုက္ခသည်စခန်းတွေကို လှူဒါန်းပြီးအပြန်မှာ ထပ်မံတိုးပွားလာတဲ့ ဒုက်္ခသည် စခန်းတွေမှာ အိမ်ထောင်စုတစ်စုကို တစ်သောင်းကျပ်နှုန်း ငွေကျပ်သိန်း(၇၀)နီးပါး ထောက်ပံ့ ခဲ့တယ်လို့သိရပါတယ်။ အခုလိုလှူဒါန်းမှုတွေမှာ ပရဟိတအဖွဲ့အစည်းတွေမှ ငွေကျပ်သိန်း(၂၇၀) ကျော်ကို အကုန်အသုံးမပြုပဲ  ကျန်ရှိနေတဲ့ ငွေကျပ်သိန်း(၁၀၀)နီးပါးကို ရခိုင်ပြည်နယ်ပြန်လည် ထူထောင်ရေးမှာ စာသင်ကျောင်းများတည်ဆောက်ပေးနိုင်ဖို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
 
 

Related News