ရန်ကုန်တိုင်းဒေသကြီးအတွင်း (၂၀၁၇)ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအခုလက်ရှိအချိန် အထိလူကုန်ကူးမှု(၄၄)မှုထိရှိနေတယ်လို့ စက်တင်ဘာလ(၈)ရက်က ရန်ကင်းပညာရေးကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှာပြုလုပ်ခဲ့တဲ့ ပဉ္စမအကြိမ်မြောက်မြန်မာနိုင်ငံလူကုန်ကူးမှုတိုက် ဖျက်ရေးနေ့ အခမ်းအနားကသိရပါတယ်။ လူကုန်ကူးခံရသူအများစုမှာ အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း လူငယ်တွေအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ၂၀၁၇ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလ အခုလက်ရှိ အချိန်အထိ လူကုန်ကူးမှု(၄၄) မှုထိရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ မှရဲအုပ်သန့်ဇင်ကပြောပါတယ်။ဒီအမှု(၄၄)မှုထဲကလက်ရှိမှာ တရားစွဲဆို ထားတဲ့အမှုတွေရှိနေသလို၊ ရဲစခန်းစစ်ဆေးနေတဲ့အမှုတွေလဲရှိနေပြီး တရားရုံးစွဲတင်ပြီးတဲ့ အမှုတွေကတော့(၃၀)ကျော်ရှိနေပြီလို့ သိရပါတယ်။
 
လူကုန်ကူးမှု လျှော့ချ၊တားဆီးနိုင်ဖို့အတွက် ကျောင်းတွေ၊ ရပ်ကွက်တွေမှာ အသိပညာပေးတာ တွေနဲ့ ပညာပေးလက်ကမ်းစာစောင်ဝေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒီလိုပညာပေးရတာ ဟာ လူကုန်ကူးမယ့် ပွဲစားတွေရဲ့လိမ်လည်မှုမခံရအောင်၊ လိမ်လည်မှုတွေရှိပါက သက်ဆိုင်ရာ ဌာနတွေကိုအကြောင်းကြားနိုင်အောင် ပညာပေးဟောပြောပွဲတွေပြုလုပ်တာဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ(၁၃)ရက်မှာကျရောက်မယ့် ပဉ္စမအကြိမ်မြောက်မြန်မာ နိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးအခမ်းအနားကိုတော့မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက်မှာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News