မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်မှ ရခိုင်လူမှုဒုက္ခ ကူညီ စောင့်ရှောက်နိုင်ရေးအတွက် အလှူငွေ(၉၃၃၂၆၀၀)ကျပ် ဆန် ၅ အိတ်နဲ့ အ၀တ်အထည်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့  အောက်တိုဘာ(၃)ရက်က ပေးအပ်လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားကို မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင် ရပ်ကွက်၊ လက်ရွေးစုရပ်ရှိ ရွှေတောင်သူ ဓမ္မာရုံမှာကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အလှူငွေ ပေးအပ်ပွဲမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး ၀န်ကြီးများမှ တက်ရောက်၍ လှူဒါန်းငွေများအားလက်ခံခဲ့ပါတယ်။ ရခိုင်လူမှုဒုက္ခ ကူညီစောင့်ရှောက်နိုင်ရေးအတွက် ဓမ်္မဒရ၀ါဆိုကျောင်းရှိ ဆရာတော် ၅ပါးမှ တရားပွဲများပြုလုပ်ပြီး ရရှိလာတဲ့ လှူဒါန်းငွေများစုပေါင်းလှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။ လှူဒါန်းမှုအတွက် သံလျှက်မှော်တောင်ရပ်ကွက်ရှိ လက်ရွေးရပ်၊ နတ်ရွာကုန်းရပ်၊ ဆေးရိုးစုရပ်၊ ဒေါနခြံရပ်၊ နဂါးနီမြတ်စွာဘုရားဝင်း၊ ပျော်ဘွယ်စုရပ်၊ သနပ္ပင်၊ အမှတ်(၁၀)ရဲစခန်းဝင်း၊ သာယာရွှေကူဘုရား၊ ချမ်းသာတိုက်တန်း၊ ဘုံဆွမ်းလောင်းအသင်းတို့မှ တရားပွဲများစီစဉ်ပေး၍ ရရှိလာတဲ့အလှူတော်ငွေများအား လှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 
 
 

Related News