နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒါနန်းမြို့မှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခေါင်း ဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ အကြားအလွတ်သဘော ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ (၁၁)ရက်ဒေသစံတော်ချိန် နံနက် (၁၀)နာရီခွဲမှာဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဖိလစ်ပိုင်နိုင်ငံ ကလပ်မြို့သို့ နိုဝင်ဘာလ(၁၁)ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီမှာရောက်ရှိပါတယ်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်အား ဖိလစ်ပိုင်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၊ ရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် ဖိလစ်ပိုင်နိုင်ငံတရားရေးဝန်ကြီးမစ္စတာ ဗစ်တာ လီနိုအန်ဂူရီ၊ မြို့တော်ဝန်များ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စဂလိုရီယာမာကာပါကယ်အာရိုယို၊ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကလပ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြပါတယ်။အဲ့ဒီနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ကလပ်မြို့ရှိ အစိုးရဧည့်ဂေဟာသို့ ရောက်ရှိကြပါတယ်။
 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် Nayong Philipino Parkု (ဖိလစ်ပိုင် လူမျိုးတို့၏ သမိုင်းနှင့်ရိုးရာယဉ်ကျေးမှုဆိုင်ရာ တိုင်းရင်းသားကျေးရွာ)သို့ သွားရောက်ပြီး တိုင်းရင်းသားများ၏ ရိုးရာယက်ကန်းယက်လုပ်မှု၊ တိုင်းရင်းသားရိုးရာ အကများ၊ လက်မှု အနုပညာပစ်္စည်းများထုတ်လုပ်မှုနှင့် ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။
 
Nayong Philipino Park  ဖောင်ဒေးရှင်းကို ဖိလစ်ပိုင်ယဉ်ကျေးမှုအမွေအနှစ် စုံလင်ကြွယ်ဝ လှပမှုတို့ကို ပြသနိုင်ရန် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ(၂၂)ရက်က ဖွင့်လှစ်ခဲ့ပြီး ပမ်ပန်ဂါဒေသ၊ Clark Freeport Zone  
အတွင်း၌ တည်ဆောက်ထားကာ (၅ ဒသမ ၉)ဟက်တာ ကျယ်ဝန်း ပါတယ်။ဖိလစ်ပိုင် ယဉ်ကျေးမှုဓလေ့ကွဲပြားမှုများကို ပုံစံငယ်များဖြင့် တိုင်းရင်းသားကျေးရွာကဲ့သို့ တစ်နေရာတည်းမှာမြင်သာအောင် ပြသထားခြင်းဖြစ်ပြီး ကော်ဒီးလျားစင်ထရယ်၊ အီလိုကို့စ်၊ ဘီကို၊ ဗီဆာရက်စ် စသည့်ဒေသများ၏ ပုံစံငယ်များ၊ ဖိလစ်ပိုင်ဗိသုကာပညာ လက်ရာများ၊ စံပြရွာငယ်လေးများ၊ တိုင်းရင်းသားလူမျိုး(၁၇၅)မျိုးခန့်ရှိသည့်အနက် တိုင်းရင်းသားအချို့၏ နေအိမ်များကို ပုံစံငယ်များဖြင့် ပြုလုပ်ကာ ကြွယ်ဝစုံလင်လှသော သမိုင်းနှင့် တိုင်းရင်းသားလူမျိုးစု များ၏ ယဉ်ကျေးမှုဓလေ့ကို ပြသထားပါတယ်။
 
ဒါ့အပြင် ကျေးလက်ရိုးရာအနုပညာ လက်မှုပညာ၊ ဂီတ၊ အက၊ ဒေသပွဲတော် များကို သက်ရှိပြတိုက်အနေဖြင့် ရှုစားနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။နိုဝင်ဘာလ(၁၁)ရက်ညပိုင်းမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ်္မတနိုင်ငံ သမ္မတဟောင်းအာယိုရိုက ကလပ်မြို့ရှိ Midori Hotel Fiesta Hall ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ဖိလစ်ပိုင်သမ်္မတ နိုင်ငံသမ်္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် နိုဝင်ဘာ(၁၂)ရက်မှ (၁၄)ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မှာ ဖြစ်ပါတယ်။
 
 

Related News