ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလာဒေရှ့်နိုင်ငံဖက် ထွက်ပြေးတိမ်းရှောင်နေသူတွေကို လာမည့်ဇန်န၀ါရီလ နောက်ဆုံးအပတ်မှာ ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားတယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်၊၊ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ်္မတနိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်မဲ့ အစီအစဉ်ကို နိုဝင်ဘာလ ၂၃ရက်က နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနရုံးမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် သဘောတူညီချက်တွေ အရ ထွက်ပြေးတိမ်းရှောင်နေသူတွေကို နှစ်လအတွင်း ပြန်လည်ခေါ်ယူမှာဖြစ်ကာ လာမဲ့ ၂၀၁၈ဇန်န၀ါရီလမှာ နှစ်လပြည့်မယ်လို့ သိရပါတယ်။
 
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလာဒေရှ့်နိုင်ငံဖက် ထွက်ပြေးတိမ်းရှောင်နေသူတွေကို UEHRD ရဲ့လမ်းစဉ်အတိုင်း ပြန်လည်လက်ခံတာကို အရင်လုပ်ဆောင်မှာ ဖြစ်ပြီး ပြန်လည်နေရာချထားပေးတာတွေကို ဆက်လက်ဆောင်ရွက်ကာ တစ်ပြိုင်ထဲ သူတို့ရဲ့လူမှုဘ၀ တွေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ပြန်လာမဲ့ သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း တွေဖော်ဆောင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ကာ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စနစ်တကျဆောင်ရွက် နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်၊၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကတော့ မြန်မာနိုင်မှာ နေထိုင်ခဲ့ဘူးတယ်လို့သိရတဲ့လူတွေထဲက ၂၀၁၆ခုနှစ်ကနေ ယခုနှစ်နိုဝင်ာလအထိ ဘင်္ဂလားဒေရှ့် နိုင်ငံဖက်ကို နယ်စပ်ဖြတ်ကျော် ၀င်ရောက် လာသူ အရေအတွက်ဟာ ခြောက်သိန်းကျော်ရှိတယ်လို့ နိုဝင်ဘာလ၁၄ရက်က နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာပြုလုပ်ခဲ့တဲ့ လေးကြိမ်မြောက် မြန်မာ-ဘင်္ဂလာဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ နယ်စပ်ဆိုင်ရာဗဟိုအဆင့်. အစည်းအဝေးမှာ ပြောကြားထားဖူးပါတယ်။
 
 

Related News