အိနိ္ဒယသမုဒ္ဒရာအတွင်းပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေ ဇန်န၀ါရီလ(၁၇)ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေကပြောပါတယ်။  
 
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းက MH370 လေယာဉ်ကို အိန်္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ရက်(၉၀)အတွင်း ရှာဖွေနိုင်ခဲ့မယ်ဆိုရင် ရှာဖွေရေးလုပ်မယ့် အမေရိကန်ပင်လယ်ပြင် စူးစမ်းရှာဖွေရေး ကုမ်္ပဏီကို အမေရိကန်ဒေါ်လာသန်း(၇၀)ပေးဖို့ မလေးရှားနိုင်ငံက သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၄)ခုနှစ်မတ်လမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ကိုဦး တည်ပျံသန်းစဉ် ပျောက်ဆုံးခဲ့တဲ့ြံ၃၇၀ လေယာဉ်ပေါ်မှာ ခရီးသည်(၂၃၉)ဦးပါသွားပြီး ဒီပျောက်ဆုံးမှုဟာ လေကြောင်းပျံသန်းမှုသမိုင်းတစ်လျှောက်မှာ အထူးဆန်းဆုံးပျောက်ဆုံးမှုဖြစ်တယ်လို့ သိရပါတယ်။
 
အမေရိကန်ဒေါ်လာ (၁၅၇)သန်းသုံးပြီး MH370 ကို မလေးရှား၊ တရုတ်နဲ့ သြစတေးလျနိုင်ငံတို့က စတုရန်းကီလိုမီတာ(၁၂၀၀၀၀)ကျော်မှာရှာဖွေခဲ့ပေမယ့် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိတာမျိုးမရှိခဲ့ပါဘူး။ ရှာဖွေရေးလုပ်နေတဲ့ဒေသရဲ့ မြောက်ဘက်စတုရန်း ကီလိုမီတာ(၂၅၀၀၀) လောက်အထိ တိုးချဲ့ရှာဖွေဖို့ စုံစမ်းရေးမှူးတွေက တိုက်တွန်းထားပါတယ်။ ဇန်န၀ါရီလ(၁၇)ရက်မှာ ရှာဖွေရေးလုပ်ငန်းတွေပြန်စ သွားမှာဖြစ်ပြီး အပျက်အစီးတွေကိုရှာဖွေဖို့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 
 
လေယာဉ်စက်ပိုင်းဆိုင်ရာချို့ယွင်းခဲ့သလား၊ ရည်ရွယ်ချက်ရှိရှိ ရေထဲထိုးဆင်းခဲ့ သလားဆိုတာကို အာဏာပိုင်တွေကသိလိုကြပါတယ်။ အစောပိုင်းမှာ အိန်္ဒိယသမုဒ္ဒရာတွင်းကကျွန်းတွေနဲ့ အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေဒေသတွေမှာ တွေ့ခဲ့တဲ့အပျက်အစီးအပိုင်းအစတွေက MH370 လေယာဉ်က ဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
 
 
 

Related News