၁၉၉၇ခုနှစ် နောက်ပိုင်း အကြီးမားဆုံး တပ်မတော်ရဲ့ ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်မှုအဖြစ် (ကြည်း၊ရေ၊ လေ) တပ်ပေါင်းစုစစ်ဆင်ရေးလေ့ကျင့်ခန်း(တဖက်တပ်ပါ) ဆင်ဖြူရှင်ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ(၂)ရက်နေ့နဲ့ (၃)ရက်နေ့တွေက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် တပ်မတော် လေ့ကျင့်ရေးနယ်မြေမှာ ပြုလုပ်လိုက် ပါတယ်။တပ်မတော်အနေနဲ့ ၁၉၉၅-၉၆ခုနှစ် နဲ့၁၉၉၆-၉၇ခုနှစ်တွေမှာ ဘုရင့်နောင်နဲ့ နဂါးမင်းလို (ကြည်း၊ ရေ၊လေ) ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ဖူးပြီး ဆင်ဖြူရှင်လို့ အမည်ပေး ထားတဲ့ အခုပြုလုပ်တဲ့ တပ်ပေါင်းစုပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်မှု ဟာ ၁၉၉၇ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တပ်မတော်ရဲ့ (ကြည်း၊ရေ၊ လေ) ပူးပေါင်း စစ်ရေး လေ့ကျင့်မှုပါ။

အခုတစ်ကြိမ်မှာတော့ ကြည်း၊ရေ၊လေ၊အမြှောက်နဲ့ သံချပ်ကာတပ်တွေ အပါအ၀င် စုစုပေါင်းအင်အား (၈၀၀၀) ၀န်းကျင်နဲ့  လေ့ကျင့်ခဲ့တာဖြစ်ပြီး ပုသိမ်ခရိုင် ရှောပြာနဲ့ ရွှေသောင်ယံ ကမ်းခြေတ၀ိုက်မှာရှိတဲ့ တပ်မတော်ရဲ့ လေ့ကျင့်ရေးနယ်မြေ ဧက(၅)သိန်းကျော်ပေါ်မှာ တပ်မနဲ့ တပ်ရင်းအဆင့် လေ့ကျင့်မှုတွေပြုလုပ်သွားတာဖြစ်ပါ တယ်။အရင် ကြည်း၊ရေ၊လေ ပူးပေါင်းလေ့ကျင့်မှုနှစ်ခုကိုလည်း ဒီနေရာမှာပဲပြုလုပ်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် ဆင်ဖြူရှင်ကတော့ တဖက်တပ် ပါ လေ့ကျင့်မှုအဖြစ်ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။ အခုပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်နိုင်ဖို့ ပြီးခဲ့တဲ့  ၂၀၁၇သြဂုတ်လကတည်းက ကြိုတင် ပြင်ဆင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာ(၁၁)ရက်နေ့ကနေ စတင်ပြီး နှစ်လ၀န်းကျင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာပါ။

အခုစစ်ဆင်ရေးလေ့ကျင့်မှုမှာတော့ တပ်မတော်(ရေ)ရဲ့ဖရီဂိတ်စစ်ရေယာဉ်တွေ၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်တွေ၊ တင့်ကားတင်ရေယာဉ်တွေ၊ ပါဝင်ခဲ့သလို၊ တပ်မတော်(လေ)ရဲ့YH နဲ့Y12  သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ MI 35 ၊ MI 2 စတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ MI 17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်၊ ပင်လယ်ပြင် ကင်းထောက်လေယာဉ်၊ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ဒုံတင်ယာဉ်တွေ၊သံချပ်ကာယာဉ်တွေ၊ အမြောက်ကြီးတွေ ပါဝင်ခဲ့ပါတယ်။

ရန်သူ့ခြေကုပ်စခန်းအား တိုက်ခိုက်ရေးလေယာဉ်တွေမှ ဝေဟင်မှမြေပြင်ပစ်တာတွေ၊(၁၂၂မမ) အတွဲလိုက်ဒုံးပစ်တာ တွေ၊ သံချပ်ကာ ယာဉ်နဲ့အမြောက်ကြီးတွေရဲ့ ပစ်ခတ်မှုတွေ၊ခြေလျင်တပ်တွေရဲ့  ရန်သူ့ စခန်းအားတိုက်ခိုက်သိမ်းပိုက်မှုတွေနဲ့ကုန်းတွင်းစစ်ဆင်ရေး တွေပါဝင်ခဲ့သလို ဖရီဂိတ်တိုက်ခိုက်ရေး ရေယာဉ်တွေရဲ့ ပစ်ခတ်မှု၊တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ လေယာဉ် တွေရဲ့ ပစ်ခတ်မှုတွေနဲ့အတူ ရေတပ်အထူးတပ်ဖွဲ့ (Navy Sea)၊တွေ၊သံချပ်ကာတပ်ဖွဲ့ တွေရဲ့ ကမ်းတက် စစ်ဆင်ရေးတွေကိုလည်းပြုလုပ်သွားခဲ့ပါတယ်။တပ်မတော်ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ဆင်ဖြူရှင်ပြုလုပ်သလို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာ လည်း ၄င်းတို့ရဲ့  ပိုင်နက် အတွင်း ပူးပေါင်းစစ်ရေး လေ့ကျင့် မှုတစ်ခုပြုလုပ်နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ နိုင်ငံကာကွယ်ရေးအတွက် လေ့ကျင့်မှုတွေ ကတော့ အမြဲမပြတ်ပြုလုပ်ရမှာဖြစ်ပြီး အခုလေ့ကျင့်မှုကနေ အားနည်းချက် အားသာချက် တွေရှာဖို့ ဆက်ပြော ပါတယ်။

အခုလေ့ကျင့်မှုမှာ အသုံးပြုတဲ့  ခဲယမ်းတွေထဲမှာ ပြည်ပက၀ယ်ယူတဲ့ ခဲယမ်းဟာ (၅)ရာခိုင်နှုန်းထက်မပိုပဲ ကျန်တာအားလုံးဟာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ခဲယမ်းတွေဖြစ်တယ်လို့သိရပါတယ်။တပ်မတော်အနေနဲ့  ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှုအဖြစ် ကြည်း၊လေ၊ သံချပ်ကာနဲ့ အမြှာက်တပ်တွေပါတဲ့  ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို မိတ်္ထီလာခရိုင်(မုန်တိုင်) ၂၀၁၆ခုနှစ် စက်တင်ဘာလအတွင်းက နောက်ဆုံး မှာပြုလုပ်ထားတာပါ။ ဒါ့အပြင် တပ်မတော် (ရေ)ရဲ့ ပင်လယ်ပြင် စစ်ရေယာဉ်တပ်ပေါင်းစုလေ့ကျင့်ခန်း (Sea Shield)တွေကို လည်း ၂၀၁၄ခုနှစ်ကစပြီး နှစ်စဉ်ပြုလုပ် လျှက်ရှိပါတယ်။

 

 

 

Related News