(ဒလ)ကို အခြေပြုပြီး  ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးကမြို့နယ်တစ်ချို့ကို ပြေးဆွဲပေးနေတဲ့ လက်ရှိ ကားတွေနေရာမှာ အဝေးပြေးကားဂိတ်နဲ့တိုင်းဒေသကြီးကားဂိတ်ဆိုပြီး စနစ်တကျထားရှိကာ(YRTA)က တိုက်ရိုက်အုပ်ချုပ်ကွပ်ကဲတဲ့ ယာဉ်တွေနဲ့ပြေးဆွဲပေးတော့မှာပါ။ ဒ့ါကြောင့်ဒလဘက်ကမ်းမှာယာဉ်လိုင်းနဲ့ကားဂိတ်တွေ စနစ်တကျထားရှိပြေးဆွဲဖို(Master Plan)တစ်ခု ရေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။လက်ရှိ(ဒလ)ကနေ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းစတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်တစ်ချို့ကို ပြေးဆွဲနေတဲ့ ကားတွေဟာ အကျိုးအမြတ်ရရှိမှု၊ မရှိမှုပေါ်မူတည်ပြီး ပြေးဆွဲနေသလို စနစ်တကျမရှိဘူးလို့ သိရပါတယ်။

ဒီအတွက်(YRTA)က တိုက်ရိုက်အုပ်ချုပ်တဲ့ ယာဉ်ကြီး၊ ယာဉ်လိုင်းတွေနဲ့ အဝေးပြေးကားဂိတ်၊ တိုင်းဒေသကြီး ကားဂိတ်တွေထားရှိပြီး စနစ်တကျပြေးဆွဲပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး (Master Plan)တစ်ခုရေးဆွဲနေတယ်လို့ မတ်လ(၁၂)ရက်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ၀န်ကြီးဒေါ်နီလာကျော်က ပြောကြားပါတယ်။ လက်ရှိမြေပိုင်ဆိုင်မှုတွေကို စိစစ်နေသလို ကူးတို့(ကတို့)ဆိပ်နားက ပြည်တွင်းရေကြောင်းကပိုင်ဆိုင်တဲ့ မြေကွက်ကို  ကားဂိတ်ဝင်းအဖြစ်အသုံးပြုခွင့်ရရှိဖို့ ညှိနှိုင်းဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

ဒလမြို့နယ်ကနေ  တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းစတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းက တစ်ချို့မြို့နယ်တွေကို ပြေးဆွဲနေတဲ့ကားလတ်၊ ကားငယ်တွေကို(YRTA) ရဲ့စီမံခန့်ခွဲမှုအောက်မှာ ထည့်သွင်းပြီး စနစ်တကျစီစဉ်ဆောင်ရွက်ပေးဖို့ ရှိ၊ မရှိကို  ကျောက်တံတားမြို့နယ်အမတ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့တာပါ။ လက်ရှိ ဒီကားတွေရဲ့ခရီးသည် ခေါ်ယူမှုဟာ မိန်းကလေးတွေအတွက် (အိနြေ္ဒ)ပျက်စရာ အနေအထားမျိုးတွေ၊ ကားထွက်ချိန်မမှန် တာတွေအပြင် ဂိတ်ကြေး၊ ယာဉ်ကြီးကြပ်ခ ကောက်ခံမှုတွေမရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိ ယာဉ်ကြီးလိုင်းတွေ၊ မပြေးဆွဲနိုင်သေးတာဟာ ပြေးဆွဲမယ့်လမ်းကြောင်း တစ်လျှောက်(CNG)ဆိုင်တွေမရှိသေးလို့ဖြစ်ပြီး ဒီဇယ်နဲ့ပြေးဆွဲတဲ့အခါတွက်ခြေမကိုက်လို့ ဖြစ်တယ်လို့ဝန်ကြီးက ပြောပါတယ်။ ဒလမှာလက်ရှိ ယာဉ်လတ်၊ ယာဉ်ငယ်တွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း(၂၀)၀န်းကျင်ရှိပြီး(YRTA)အဝေးပြေးရဲ့ စီမံခန့်ခွဲမှုအောက်မှာပြေးဆွဲနေတာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအခြေပြု(ဒလ)ကနေ ဧရာဝတီတိုင်းဒေသကြီးကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်(၆)လိုင်းရှိပြီး ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့တွေကိုပြေးဆွဲနေသလို ဧရာဝတီတိုင်းဒေသကြီး အခြေပြု ပြေးဆွဲနေတဲ့ယာဉ်လိုင်း (၁၄)လိုင်းရှိပြီး ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မအူပင်မြို့တွေကနေ (ဒလ)ကိုပြေးဆွဲနေတာပါ။ ဒီယာဉ်လိုင်းတွေကတော့ (YRTA)အဝေးပြေးရဲ့ စီမံခန့်ခွဲမှုအောက်မှာ ပြေးဆွဲနေတာဖြစ်ပြီး ယာဉ်လတ်၊ယာဉ်ငယ်တွေနဲ့ ပြေးဆွဲနေတာလည်းဖြစ်ပါတယ်။

 

 

 

Related News