ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ်အနေနဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ပန်းချီပြပွဲကို ဇွန်လ(၇)ရက်မှ (၁၄)ရက်ထိ ရန်ကုန်မြို့အမျိုးသားပြတိုက်မှာ ပြသနေတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ်အနေနဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး ပန်းချီပြပွဲကိုပြုလုပ်တာ ဖြစ်ပါတယ်။ ဒီပန်းချီပြပွဲကို 'ချစ်ကြည်ရင်းနှီးမှု၏ ဆေးရောင်များ'လို့ အမည်ပေးထားပြီး  ထိုင်းနိုင်ငံနဲ့  မြန်မာနိုင်ငံ နှစ်နိုင်ငံကြား ချစ်ကြည်ရေးခိုင်မြဲလာစေရန်နဲ့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဆိုပါပန်းချီပြပွဲမှာ မြန်မာအနုပညာရှင်(၃၂)ဦးရဲ့ ပန်းချီအနုပညာလက်ရာများ အပါအ၀င်၊ ထိုင်းနိုင်ငံမှ အနုပညာရှင်(၂၉)ဦးတို့က  ကိုယ်တိုင်ဖန်တီးထားတဲ့ ပန်းချီကား(၂၄)ကားနဲ့ ပန်းပုရုပ်ထု (၅)ရုပ်တို့ကို ပြသထားတာဖြစ်ပါတယ်။ ပြပွဲမှာ နှစ်နိုင်ငံရဲ့ မြို့ပြအလှများ၊ နေထိုင်မှုဘ၀များကို ပုံဖော်ထားတဲ့ ပန်းချီကားများ၊ ပန်းချီဆရာရဲ့ စိတ်ခံစားမှု အခြေအနေအမျိုးမျိုးကိုပြထားတဲ့ပန်းချီကားများနဲ့ တောတောင်သဘာဝ အလှများ အစရှိတဲ့ ပန်းချီအနုပညာလက်ရာများ ကို ပြသထားတာဖြစ်ပါတယ်။'ချစ်ကြည်ရင်းနှီးမှု၏ ဆေးရောင်များ' ပန်းချီပြပွဲမှာ ပြသထားတဲ့ပန်းချီကားတွေကို  ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်(Acrylic) အစရှိတဲ့ဆေးများ အသုံးပြုထားတဲ့ ပန်းချီလက်ရာတွေအပြင် ခဲခြစ်ပန်းချီလက်ရာများ၊ မော်ဒန်ပန်းချီလက်ရာများနဲ့ Graphic ပန်းချီလက်ရာများ အစရှိတဲ့အနုပညာလက်ရာတွေကို ပြသထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပြပွဲမှာပြသထားတဲ့ ပန်းချီအနုပညာ လက်ရာတွေကို ထိုင်းနိုင်ငံမှာလည်း သွားရောက် ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News