နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူများစကားဝိုင်းကို ၂၀၁၈ ခုနှစ် ဇွန်လ(၁၄)ရက် မနက်ပိုင်းမှာ မော်လမြိုင်မြို့မှာ  ပြုလုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ ဒေသခံပြည်သူများဖြစ်တဲ့ သင်္ချာ တတိယနှစ်ကျောင်းသား ကိုကျော်ဇင်ဦးက လူငယ်နှင့်ငြိမ်းချမ်းရေး၊ သူနာပြုဆရာမ မဆန်းသီရိက ငြိမ်းချမ်းရေးနှင့်ပြည်သူ့ကျန်းမာရေး ၊  Capacity Development - NGO မှ ခွန်ထူးအောင်က ငြိမ်းချမ်းရေးရဲ့အသီးအပွင့် ၊ လူငယ်ရေးရာကော်မတီဝင်၊ ငြိမ်းဖောင်ဒေးရှင်းမှ မိဇင်ဝင်းမွန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍ၊စားသောက်ဆိုင်လုပ်ငန်းရှင် စောကျော်မိုးက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ဒေသခံတိုင်းရင်းသားတွေရဲ့ပါဝင်တည်ဆောက်မှု ၊ ဥပဒေ ဒုတိယနှစ်ကျောင်းသူ မိယဉ်နွန်စွမ်းက ငြိမ်းချမ်းရေးနှင့်ဒေသ ၊ ကိုယ်ပိုင်ကျောင်းမှ ကျောင်းဆရာ ကိုထွန်းထွန်းလင်းက ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၊မွန်စေတနာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ အထည်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ မိငွေလေးက -------စတဲ့အကြောင်းအရာများကိုဆွေးနွေးခဲ့ကြတာပါ။ 

ဆွေးနွေးမှုတွေအပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး Online ကနေ ပြည်သူတွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေ၊ အခမ်းအနားကိုတက်ရောက်ကြတဲ့ပြည်သူတွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါတယ်။ဒေသခံပြည်သူများ စကားဝိုင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့က ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News