ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း (၅၄)နှစ်ပြည့်အမှတ်တရနေ့ကို ဒီနေ့ ဇူလိုင်လ (၂၃)ရက်က ရွှေတိဂုံဘုရားလမ်းမှာ ရှိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ပြုလုပ်ခဲ့ပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း (၅၄)နှစ်ပြည့် အမှတ်တရအခမ်းအနားမှာ လူငယ်များအသင်းအဖွဲ့များနဲ့ ဆရာကြီး ကိုလေးစားကြည်ညိုကြသူတွေ အများအပြားလာရောက်ဂါရ၀ ပြုခဲ့ကြပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇူလိုင်လ (23)ရက် 1964 ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ဂူဗိမာန်ကိုတော့ (1966)ခုနှစ် မတ်လ (23)ရက်က တည်ထားခဲ့တာဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ စာပေယဉ်ကျေးမှု လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေး အရေးတို့ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ယက် (မြန်မာနိုင်ငံ)ရဲ့ဥက္ကဋ္ဌကြီးလည်း ဖြစ်ခဲ့ကာ (1955)ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်း စတာလင်ဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းမိသားစုဝင်တွေ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက် အဖွဲ့က ဆရာကြီးရဲ့မွေးနေ့တွေ၊ ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့တွေကို ပြုလုပ်ပေးနေတာဖြစ်ပြီး ဆရာကြီးရဲ့မွေးရပ် ဇာတိမြေဖြစ်တဲ့ ရွှေတောင်မြို့နယ် ၀ါးလည်ရွာမှာလည်း ဂူဗိမာန် တည်ဆောက်နိုင်ရေးအတွက်ကြိုးစား လုပ်ဆောင်နေ ကြတယ်လို့ သိရပါတယ်။

 

 

Related News