ရန်ကုန်တိုင်းဒေသကြီး ကရင်ရိုးရာချည်းဖြူဖွဲ့မင်္ဂလာအခမ်းအနားကို သြဂုတ်လ(၂၈)ရက်က ရန်ကုန်မြို့၊MCC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တတ်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့မှာ မကျင်းပတာ နှစ်ပေါင်းဆယ်ချီကြာမြင့်နေပြီး ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်ကမှာစတင်ကာ တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှုနဲ ကရင်တိုင်းရင်သားတွေစုပေါင်းကာ ရန်ကုန်တိုင်းအတွင်းက နေရာ(၄)ခုမှာ  ပြန်လည် ဖော်ဆောင်ကျင်းပခဲ့တယ်လို့လည်းသိရပါတယ်။ ဒီနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကူညီပံ့ပိုးမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက တာဝန်ယူကာ တိုင်းဒေသကြီးအဆင့်ကျင်းပခဲ့တာဖြစ်တာပါ။

ဒီအခမ်းအနားကို  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ကာ ကရင်ရိုးရာချည်းဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဖားစည်တီးဖွင့်လှစ်ပေးခဲ့ပြီး  အမှာစကားပြောကြားခဲ့ပါတယ်။ဒီပွဲကို လူငယ်တွေဦးဆောင်ကျင်းပတာဖြစ်လို့အားတက်ရပြီး နိုင်ငံရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပေးတာ၊  မတူကွဲပြားသူတွေစုပေါင်းပြီးပျော်ရွှင်စွာနေနိုင်တာတွေကို လမ်းပြသတယ်လို့ ယူဆကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ဒါအပြင် စုစည်းခြင်းရဲ့သင်္ကေတဖြစ်သလို ပြည်ထောင်စုစိတ်ဓာတ်ကိုပြသတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကရင်အမျိုးသားအစည်းအရုံးမှတာဝန်ရှိသူတွေနဲ့တက်ရောက်လာသူတွေအားလုံးချည်ဖြူဖွဲ့ခဲ့ကြတာပါ။

ချည်ဖြူဖွဲ့ပြီးနောက်  ကရင်ရိုးရာအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားမှုကိုတွေ လိုက်လံကြည့်ရှူ့ ခဲ့ပါတယ်။ချည်ဖြူဖွဲ့မင်္ဂလာပွဲဟာ ကရင်ရိုးရာပွဲတော်တွေထဲ အရေးကြီးတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုး တို့ရဲ့ ညီညွတ်မှုသရုပ်ကိုဖော်ဆောင်တဲ့ ၀ါခေါင်လက်ချည်ပွဲလည်း ဖြစ်ပါတယ်။ ရှေးယခင် ကရင်ဘိုးဘွားတွေဟာ ကန္တာရအတွင်း သဲမုန်တိုင်းကျတာ၊ သူခိုး၊ဓားမြ အန္တာရယ်ကျရောက်တာ၊ ရောဂါဘယများတာတွေကြောင့် လူတွေ နဂိုပုံသဏ္ဍာန်ပြောက်ကွယ်လာပြီး တခါတစ်ရံမမှတ်မိတော့တာကြာင့် လူအချင်းချင်မမှားစေရန်နဲ့ အလွယ်တကူမှတ်မိစေရန် လက်တွင် ချည်ဖွဲ့အမှတ်အသား ပြုလုပ်ရာကစပြီး ရိုးရာအမွေအနှစ်ဖြစ်စေခဲ့တယ်လို့လဲဆိုပါတယ်။ ချည်ဖြူဖွဲ့ရာမှာ လိပ်ပြာခေါ်ခြင်း၊ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း၊ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်း တို့ကိုပြုလုပ်ပါတယ်။သမိုင်းအထောက်အထားတွေအရ တစ်နေ့ ကရင်လူမျိုးတွေ အုပ်စုကွဲခြင်း၊ ဂိုဏ်ဂဏကွဲခြင်း၊ စိတ်ဝမ်းကွဲခြင်းစတာတွေ ကြုံလာဖွယ်ရာရှိမှာကို ကြိုးတင်သုံးသပ်ဆင်ခြင်မိပြီး စည်းလုံးမှုအသွင်ဆောင်စေတဲ့ ရိုးရာပွဲလည်းဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News