ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးနိုင်ဖို့သရုပ်ဆောင်တွေခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးနိုင်ဖို့အတွက် ဇာတ်လမ်းအခန်းပေါင်း(၁၁၆)ခန်းကို သမိုင်းပညာရှင်တွေက ဇန်န၀ါရီလ(၂၀)ရက်ကပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အဋ္ဌမအကြိမ်လုပ်ငန်းညှိုနှိုင်းအစည်းအဝေးမှာ အတည်ပြုခဲ့ပြီး နောက်ဆုံးအဆင့် ရိုက်ကူးမယ့်ဇာတ်ညွှန်းအဖြစ် ပြန်ရေးဖို့ စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဆိုပါအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပါတယ်။ပါဝင်မယ့် မူရင်းဇာတ်ကောင်တွေရဲ့ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည် တွေကို ပြုစုထားပြီး သရုပ်ဆောင်တွေ ရွေးချယ်သွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေကိုတော့ပြင်ပကပဲ ဖြစ်ဖြစ်၊ အနုပညာလောကကပဲဖြစ်ဖြစ် ရုပ်အတူဆုံးသူတွေကို ရွေးချယ်နိုင်ဖို့အတွက် လျှောက်လွှာတွေခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ပြင်ဆင်မှုအနေနဲ့  ရိုက်ကူးရေးဘုတ်အဖွဲ့ဖွဲ့စည်းပြီးဖြစ်ပြီး အ၀တ်အစား ဒီဇိုင်းအတွက်လိုအပ်တဲ့လေ့လာမှုတွေပြုလုပ်ပြီး အစမ်းချုပ်လုပ်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လွှင့်နိုင်ဖို့ လက်ရှိမှာ ရံပုံငွေကျပ်သိန်း(၁)သောင်းကျော်ရှိပြီး ရိုက်ကူးချင်တဲ့ ရုပ်ရှင်အရည်အသွေးကြောင့် ကျပ်သိန်း(၁)သောင်းခွဲထိကုန်ကျမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်နိုင်ဖို့ မူလက (၂၀၁၉)မှာအပြီးသတ်ရိုက်ကူးပြီး (၂၀၂၀)မှာရုံတင်ဖို့ စီစဉ်ထားပေမယ့်လိုအပ်ပါက အချိန်ထပ်ယူသွားမယ်လို့ သိရပါတယ်။

 

 

Related News