မတ်လ (၃၁)ရက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကိုယ်တိုင်သွားရောက်မဲပေးမယ်လို့ မတ်လ(၂၉) ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို မတ်လ (၃၁) ရက်မှာ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကြိုတင်ဆန္ဒမဲပေးမှာ မဟုတ်ဘဲ အဲဒီနေ့မှာ ကိုယ်တိုင်သွား ရောက်မဲပေးမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် (၃၃) မြို့နယ်မှ မဲဆန္ဒနယ် ၆ ခုသတ်မှတ်ကာ ကိုယ်စားလှယ်လောင်း (၂၇၂) ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ၂၃ရက်က ကြိုတင်ဆန္ဒမဲပေးခဲ့တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန် ချက်တွေအရ သိရပါတယ်။

 

 

Related News