ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(YUPT)မှ ပြည်သူတွေ YBS စီးရာမှာ အဆင်ပြေစေ ဖို့အတွက် တစ်ရက်ကို ငွေအကြွေသိန်း(၃၀၀)၀န်းကျင် လဲလှယ်ပေးနေရတယ်လို့ သိရပါတယ်။ငွေအကြွေတွေကို YUPTကုမ္ပဏီအနေနဲ့ နေ့စဉ် တနင်္လာနေ့ကနေ စနေနေ့အထိ မနက်(၉)နာရီခွဲမှ (၁၂)နာရီအထိ လဲလှယ်ပေးနေတာပါ။ ငွေအကြွေလဲပေးရာမှာ ငွေကျပ်တစ်သောင်းကနေ ငွေကျပ်နှစ်သောင်းအထိ အကြွေလဲတဲ့ ရုံးဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူတွေကိုတော့ ကျောင်းအများစုမှာလဲလှယ်ပေးသလို ဆူးလေကားဂိတ်နဲ့YUPTကုမ္ပဏီမှာ  ချက်ချင်းလဲလှယ်ပေးနေတာဖြစ်ပါတယ်။

ငွေကျပ်ငါးသောင်းနှင့်အထက် လဲလှယ်သူတွေကိုတော့ ဖောင်တင်ပြီးမှသာ လဲလှယ်ပေးတယ်လို့သိရပါတယ်။ ဒါ့အပြင် City Mark ၊Super Market တွေနဲ့ Shopping Center တွေကလည်း  ငွေကျပ်သိန်း(၃၀)ကနေ ငွေကျပ်သိန်း(၅၀)၀န်းကျင်အထိ ငွေအကြွေလာရောက်လဲလှယ်မှု တွေရှိနေတယ်လို့ သိရပါတယ်။အခုလို ငွေအကြွေလဲလှယ်မှုတွေမရှိခင်က ကားစီးနင်းရတဲ့ခရီးသွားပြည်သူတွေနဲ့ ရပ်ကွက်တွေမှာရောင်းချနေရတဲ့ ကုန်စုံဆိုင်အများစုမှာ ဈေးဝယ်သူတွေနဲ့ အကြွေအခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာ YUPTကုမ္ပဏီကနေ ကုန်စုံဆိုင်တွေကို လိုချင်တဲ့ငွေပမာဏကို ဖောင်တင်ခိုင်းပြီး ငွေအကြွေများရင်များသလို လဲလှယ်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိYUPTကုမ္ပဏီလီမိတက်မှာ ငွေအကြွေအသစ်၊ အဟောင်းတွေကို ရေတွက်ပေးတဲ့ဝန်ထမ်းတွေနဲ့ ငွေအကြွေလဲပေးတဲ့ လခစားဝန်ထမ်း တွေနဲ့ နေ့စားဝန်ထမ်းစုစုပေါင်း(၁၇၀)၀န်းကျင် လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။ YUPTကုမ္ပဏီလီမိတက် လက်အောက်မှာတော့ လက်ရှိမှာပြေးဆွဲနေတဲ့ယာဉ်လိုင်းပေါင်း(၁၉)လိုင်းရှိပြီး ဒီယာဉ်လိုင်းတွေကနေ တစ်ရက်ကို ငွေအကြွေ ကျပ်သိန်း(၇၀၀)၀န်းကျင် ၀င်တယ်လို့ သိရပါတယ်။ ယာဉ်လိုင်းတွေမှရရှိတဲ့ငွေအကြွေတွေကို ငွေသိမ်းကား(၅)စီးနဲ့ နီးစပ်တဲ့ယာဉ်လိုင်းဂိတ်တွေမှာ ငွေပုံးဖြုတ်သိမ်းပြီး ည(၁၁)နာရီ မှာ YUPT ကုမ္ပဏီကို အပ်နှံရတယ်လို့သိရပါတယ်။   

 

 

Related News