တရုတ်သမ္မတရဲ့ဖိတ်ကြားချက်အရ ဒုတိအကြိမ် Belt and Road ဖိုရမ်ကို တက်ရောက်ဖို့ ပေကျင်း မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ(၂၄)ရက်မှာ တရုတ် သမ္မတရှီကျင့်ပင်နဲ့သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေအတွက် တရုတ်အစိုးရဘက်က ယွမ်သန်း(၁၀၀၀)ကူညီထောက်ပံ့ပေးမယ့် ကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ရပ်ဝန်းနဲ့ပိုးလမ်းမအစီအစဉ်အောက်ကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စတွေ၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေမှာ တရုတ်အစိုးရက ဆက်လက်အကူအညီပေးရေးတွေ ၊နှစ်နိုင်ငံနယ်စပ်ဒေသအရေးတွေ၊ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအစီအစဉ်မှာ တရုတ်အစိုးရက ပါဝင်ကူညီပေးနိုင်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခုတရုတ်ခရီးစဉ်ကိုတော့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးသန့်စင်မောင် ၊ဦးဝင်းခိုင်၊ဦးကျော်တင် နဲ့ဒုတိယ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်ထူးနဲ့ဦးဆက်အောင်တို့လည်းလိုက်ပါသွားခဲ့ကြပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တရုတ်နိုင်ငံပေကျင်းမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဒုတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး(Belt and Road)ဖိုရမ်ကို တက်ရောက်မှာဖြစ်ကာ အဲ့ဒီကနေကမ္ဘာဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

 

 

Related News