စာသင်ကျောင်းမျာအနီး ဆေးလိပ်အပါအ၀င် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကင်းစင်စေရန်နဲ့  လက်လှမ်းမီရရှိတာမျိုး မဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဇွန်လ (၂၆)ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) မှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့တာပါ။ ကျောင်းသားလူငယ်တွေ မူးယစ်ဆေးဝါးကင်းစင်တဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်စေဖို့  စာသင်ကျောင်းတွေ အနီးအနားမှာ ဆေးလိပ်အပါအ၀င် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ကင်းစင်စေဖို့နဲ့ လက်လှမ်းမီရရှိနေတာမျိုးမဖြစ်စေဖို့  ဦးစွာကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တွေက ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမတွေအပြင် လူထုအခြေပြုလူမှုအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေ လူညွှန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ဖို့ တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံးရဲ့ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းကြဖို့ အထူးအရေးကြီးတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံသားအားလုံးက ညီညီညွတ်ညွတ်နဲ့ မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ် အတွင်း မြန်မာနိုင်ငံရဲ့အနေအထားဟာ မတွေးဝံ့စရာ အခြေအနေကို ရောက်ရှိလာနိုင်တယ်လို့လည်း နိုင်ငံတော်သမ္မတက ဆိုပါတယ်။ကမ္ဘာ့လူဦးရေ (၅.၆) ရာခိုင်နှုန်းဖြစ်တဲ့ (၂၇၅)သန်းဟာ တစ်နှစ်အတွင်း မူးယစ်ဆေးဝါးကို အနည်းဆုံးတစ်ကြိမ် သုံးစွဲဖူးသူများဖြစ်ပြီး လူဦးရေ(၃၁)သန်းဟာ မဖြစ်မနေဆေးကုသဖို့ လိုအပ်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ (၂၀၁၈)ခုနှစ်စာရင်းများအရ  မြန်မာနိုင်ငံမှာ မူးယစ်ဆေးကို အကြောအတွင်း ထိုးသွင်းသူ အရေအတွက်ဟာ ကိုးသောင်းသုံးထောင်ခန့်ထိ ရှိတယ်လို့ ခန့်မှန်းထာကြောင်း သိရပါတယ်။

 

 

Related News