ဇူလိုင်လ (၁)ရက်မှာဖွင့်လှစ်မယ့် (၅)ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ လစဉ်ချီးမြှင့် နေကြဖြစ်တဲ့ ထီလက်မှတ်ရောင်းရငွေရဲ့(၆၀)ရာခိုင်နှုန်းအပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုမဲများရဲ့ ဘဏ္ဍာသိမ်းငွေထဲက ထပ်တိုးဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ဇူလိုင်လ (၁)ရက်မှာဖွင့်လှစ်မယ့် (၅)ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ "က" အက္ခရာမှ "ကဆ" အက္ခရာအထိ စုစုပေါင်း အက္ခရာအလုံးရေ အလုံး(၄၀)၊ ထီစာအုပ်ပေါင်း (သုံးဆယ့်နှစ်သိန်း ခုနှစ်သောင်း နှစ်ထောင် ခုနှစ်ရာ့နှစ်ဆယ်)အုပ်ကို ရောင်းချခဲ့တာဖြစ်ပါတယ်။ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ထီစာအုပ်တွေကိုရောင်းချပေးခဲ့ရာမှာ ထီစာအုပ် (သုံးဆယ့်တစ်သိန်း သုံးထောင့် လေးဆယ်)(၃၁၀၃၀၄၀)အုပ်သာ ရောင်းချခဲ့ရပြီး ထီစာအုပ်(တစ်သိန်း ခြောက်သောင်း ကိုးထောင့်ခြောက်ရာ ရှစ်ဆယ်)အုပ်က ရောင်းမကုန်ထီစာအုပ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ထီစာအုပ်ရောင်းရငွေမှာ ကျပ်ငွေသန်း (သုံးသောင်း တစ်ထောင့် သုံးဆယ်)ဖြစ်ပြီး ရောင်းရငွေရဲ့ (၆၀) ရာခိုင်နှုန်းကို ဆုငွေအဖြစ်ခွဲဝေပေးမှာဖြစ်ပါတယ်။ဇူလိုင်လ (၁)ရက်မှာ ဖွင့်လှစ်မယ့် (၅)ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ အထူးဆုကြီးတွေဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းငါးထောင်ဆု၊ ကျပ်သိန်း တစ်သောင်းဆု၊ ကျပ်သိန်း ငါးထောင်ဆု ၊ ကျပ်သိန်း နှစ်ထောင်ဆု၊ ကျပ်သိန်း တစ်ထောင်ဆုတို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။(၅)ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ထူးခြားမှုအနေနဲ့ အောင်ဘာလေသိန်းဆုဌာနခွဲမှာ သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိတဲ့ ဆုမဲများထဲက ဘဏ္ဍသိမ်းငွေ ကျပ်သန်းပေါင်း (၂၅၀) ကို ဝေဝေဆာပဒေသာ ဆုမဲ အဖြစ် တိုးမြှင့်ချီးမြှင့်သွားမှာဖြစ်ပါတယ်။တိုးမြှင့်ချီးမြှင့်မယ့်ဆုတွေက ကျပ် (၃ သိန်း)၊ ကျပ်(၂)သိန်း၊ ကျပ်(၁)သိန်းနဲ့ ကျပ်(၁၀)သိန်းတို့ကို တိုးမြှင့်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထီဖွင့်ပွဲမှာ အထူးဆုကြီးနဲ့ ဆုတစ်ဆုချင်းစနစ်အတွက် ဆုမဲများဖွင့်လှစ်ရာမှာ ရောင်းမကုန်ထီလက်မှတ်မှ ထီဆုမဲတွေ ထွက်ပေါ်လာပါက ပြန်လည် အစားထိုးဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ဝေဝေဆာဆာဆုမဲစနစ်မှာ ရောင်းမကုန်ထီလက်မှတ် ဆုမဲတွေထွက်ပေါ်လာပါက အဆိုပါ ဆုမဲတန်ဖိုးများ စုပြီး အခြားသင့်လျော်တဲ့ ဆုမဲများအဖြစ် အစားထိုး ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲ ထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။

 

 

Related News