နိုင်ငံတကာဆော့ဖ်ဝဲလ်နှင့် သတင်းအချက်အလက်ဝန် ဆောင်မှုပြပွဲ(C.I.S.I.S)ကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဇွန်လ(၁၂)ရက်ကစတင်ကျင်းပခဲ့ပါတယ်။ (၁၆)ကြိမ်မြောက် နိုင်ငံတကာဆော့ဖ်ဝဲလ်နဲ့ သတင်းအချက်အလက်ဝန်ဆောင်မှု(C.I.S.I.S)ပြပွဲကို တရုတ်နိုင်ငံ၊ အရှေ့မြောက် ပိုင်းက လျောင်းနင်းပြည်နယ်၊ ဒါလျန်မြို့မှာ ဇွန်လ(၁၂)ရက်က စတင်ကျင်းပခဲ့ပါတယ်။

ဒီပြပွဲကို ဒါလျန်ကမ္ဘာ့ကုန်စည်စင်တာမှာ (၄)ရက်ကြာကျင်းပနေပြီး အစ္စရေး၊ ပြင်သစ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့အပါအ၀င် နိုင်ငံ(၃၀)ကျော်က ပြခန်း(၈၀၀)ကျော်လာ ရောက်ပြသခဲ့ကြပါတယ်။ အခုနှစ်ပြပွဲရဲ့ရည်ရွယ်ချက်က ခေတ်သစ်မှာ ဆော့ဖ်ဝဲရပ်ဝန်း(၁)ခုကိုတည်ဆောက်ရေးဖြစ်တယ်လို့သိ ရပါတယ်။

ယနေ့ခေတ်က အင်တာနက်နဲ့ အသိဥာဏ်တုနည်းပညာတွေရဲ့ခေတ်ဖြစ်လာတဲ့အတွက် အချက်အလက်တွေအများ ကြီးနဲ့ ဥာဏ်ရည်ဥာဏ်သွေးတို့ကိုပူးပေါင်းပြီး ဆော့ဖ်ဝဲလုပ်ငန်းတွေအဆင့်မြှင့်တင်ဖို့နဲ့ နည်းပညာဖွံ့ဖြိုးဖို့ ကိုက်ညီအောင်ဆောင် ရွက်ပေးရမှာဖြစ်တဲ့အပြင် ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ ၀န်ဆောင်မှုအခြေခံတဲ့အမျိုးသားစီးပွားရေးအဖြစ်ပြောင်းလဲရမှာဖြစ် တယ်လို့ တရုတ်လူမှုသိပ္ပံအကယ်ဒမီက သတင်းအချက်အလက်လေ့လာရေးအတတ်သင်ရဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်း ကျီပင် ကပြောပါတယ်။ (၂၀၁၃)ခုနှစ်ကစတင်ခဲ့တဲ့ (C.I.S.I.S)ပြပွဲဟာ တရုတ်နိုင်ငံရဲ့(I.T)နည်းပညာလုပ်ငန်းအတွက် အကြီး ကျယ်ဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးအခမ်းအနားဖြစ်ပါတယ်။