ယခုနှစ်နွေဈေးကွက်တွင် ချယ်လ်ဆီးအသင်းမှ တိုက်စစ်မှူးကော်စတာသည် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိသည့်အတွက် ၄င်းနေရာ၌ အစားထိုးနိုင်ရန်အတွက် အသင်းအနေဖြင့် လူကာကူအား ခေါ်ယူသင့်သည် ဟု တိုက်တွန်းလိုက်ကြောင်း သိရသည်။ အစောပိုင်းက ကော်စတာသည် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည်ဟူ၍ သတင်း များထွက်ခဲ့သော်လည်း ကော်စတာကိုယ်တိုင်က ၄င်းအနေဖြင့် အသင်းမှ ထွက်ခွာဖြစ်မည်ဆိုလျှင်လည်း အက်သလက် တစ်ကိုအတွက်သာဖြစ်မည်ဟု ခိုင်ခိုင်မာမာပြောကြားလိုက်သည်။ နည်းပြကွန်တီ၏ စည်းရုံးမှုအား ငြင်းပယ်ကာ ကော်စ တာသည် ၄င်းနေရာတွင် အစားထိုးရန်အတွက် လူကာကူအား ခေါ်ယူသင့်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။

အက်သ လက်တစ်ကိုအသင်း၏ လက်ထောက်နည်းပြဂျူအန်ဗစ်ကိုင်နိုက ကော်စတာအတွက် အမြဲတံခါးဖွင့်ထားသည်ဟုလည်း ပြန်လည်ပြောခဲ့သည်။ ကော်စတာသည် ရှေးမဆွက တရုတ်စူပါလိဂ်ကလပ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများဆက် တိုက်ထွက်ခဲ့သော်လည်း ယခုအခါ ပြောင်းရွှေ့ရန် ဆန္ဒမရှိတော့ဘဲ အက်သလက်တစ်ကိုအသင်းသို့သာ ပြောင်းရွှေ့ရန် အဓိကဦးတည်လာခဲ့ခြင်းဖြစ်သည်။

အက်သလက်တစ်ကိုအသင်းဘက်မှလည်း တိုက်စစ်မှူးလာကာဇက်တီအား ခေါ်ယူ ရန်အတွက် ညှိနှိုင်းခဲ့ပြီးဖြစ်သလို တိုက်စစ်မှူးဂရေ့ဇ်မန်းကိုလည်း အသင်း၌ ဆက်လက်ထိန်းထားဖွယ်ရှိသည်ဟု သိရ သည်။ အကယ်၍ အက်သလက်တစ်ကိုအသင်းသို့ ကော်စတာရောက်ရှိလာခဲ့မည်ဆိုပါက ဂရေ့ဇ်မန်းအား မန်ယူသို့ ရောင်းထုတ်ဖွယ်ရှိနေသည်။ ကော်စတာသည် ၂၀၁၄ ခုနှစ်က အက်သလက်တစ်ကိုမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင် (၃၂) သန်းဖြင့် ထွက်ခွာသွားခဲ့ပြီး ဘောလုံးရာသီ (၃) ရာသီအတွင်း ပရီးမီးယားလိဂ်ဆုဖလားအား နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည်ဟု သိရှိရသည်။ 

 

 

 

 

Related News