သိမ်ဖြူလက်ဝှေ့အားကစားရုံမှာကျင်းပမယ့် Lethwei Nation Fight  ပွဲနဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ဇွန်လ(၁၇)ရက်နေ့ မနက်(၉)နာရီခွဲအချိန်က သိမ်ဖြူလက်ဝှေ့ လက်ဝှေ့အားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Lethwei Nation Fight  ပွဲမှာတော့  တွဲဆိုင်း(၇)ဆိုင်းပါဝင်ပြီး မြန်မာ၊ ထိုင်း၊ ဥဇဘက် ကစ္စတန်နဲ့ ကမ္ဘာဒီယားနိုင်ငံတို့မှာကစားသမားများဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာတော့ မြန်မာ့ရိုးရာလက်ဝှေ့သမားများနဲ့ မွေထိုင်းလက်ဝှေ့သမားများ ကတော့ မြန်မာ့ရိုးရာလက်ဝှေ့ စည်မျည်းအောက်မှာ အားပြိုင်ကြမယ့် ပွဲတစ်ပွဲဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။
 
အဓိက တွဲဆိုင်းတွေကတော့စောဂေါ်မူတို နဲ့ ထိုင်းဖိုက်ချန်ပီယံ ဖရာ့စမွေပွဲစဉ်၊ ရွှေခါးပတ် (၅)ခုရထားတဲ့ ဥဇဘက်ကစ္စတန် လက်ဝှေ့ချန်ပီယံ တိုလာဘေးနဲ့ (၂၀၁၆) (၂၀၁၇) ရွှေခါးပတ်ချန်ပီယံ မိုက်ရိုင်းတို့ပွဲစဉ်၊ ရွှေခါးပတ်ချန်ပီယံ ကြယ်စင်ဖြိုးနဲ့ မွေထိုင်းလောကမှာ နာမည်ကြီးနေတဲ့ ဒင်ဘိုဆိုင်း၊ မိုးဟိန်းနဲ့ ကမ္ဘာဒီယားနိုင်ငံသား လိုင်ဖျားပွဲစဉ်၊ ကရင်လေး ခေါ်ဖာ့ဒါးဝယ်နဲ့ ထိုင်းကစားသမားဘိုနမ် တို့ပွဲစဉ်ပဲဖြစ်ပါတယ်။ ပြည်တွင်းတွဲဆိုင်း(၂)ဆိုင်းကတော့ ဒေါင်းဖြူလေးနဲ့ ခွန်လင်းထက်ပွဲစဉ် 
ဆလိုင်းချမ်းမြေ့ကိုနဲ့ ရဲရင့်သွေးတို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
 
Lethwei Nation Fight ပြိုင်ပွဲကို ဇွန်လ(၂၅)ရက်နေ့ နေ့လည်(၁)နာရီမှစတင်ကာ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ ပရိသတ်တွေ့ လာရောက်ကြည့်ရှုနိုင်အောင် အနည်းဆုံး(၅၀၀၀)တန်းအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
 

Related News