KBZ Bank Cup 2017 ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန်လ(၂၇)ရက်နေ့ နေ့လယ်(၂)နာရီ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးအခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲမှာ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြတဲ့မြန်မာယူ-၂၂အသင်းရဲ့နည်းပြ ချုပ်ဂစ်ဆီဇီ၊ အသင်းခေါင်းဆောင်စည်သူအောင် ကမ္ဘောဒီးယားယူ-၂၂အသင်းနည်းပြချုပ်နဲ့ အသင်းခေါင်းဆောင်၊ ဟောင်ကောင်ယူ-၂၂အသင်းရဲ့ နည်းပြချုပ်နဲ့ ကစားသမား၊ ဂျပန်တက္ကသိုလ် လက်ရွေးစင် အသင်းနည်းပြချုပ်နဲ့ကစားသမားများတတ် ရောက်ခဲ့ကြပြီး သတင်းမီဒီယာများရဲ့ မေးမြန်းမှုများကို ဖြေကြားခဲ့ပါတယ်။ မြန်မာယူ-၂၂ဘောလုံးအသင်းကတော့ယနေ့ညနေ(၆)နာရီမှာ ကမ္ဘောဒီးယားယူ-၂၂ အသင်းနဲ့ယှဉ် ပြိုင်ကစားရန်အဆင့်သင်ဖြစ်နေတဲ့အနေအထားရှိတယ်လို့လည်း သိရပါတယ်။KBZ Bank Cup 2017 ဆီးဂိမ်းအကြိုပြိုင်ပွဲကြီးကို ကမ္ဘောဒီးယားယူ-၂၂ဘောလုံးအသင်း ကတော့ ဆီးဂိမ်းအတွက်ကြိုတင်ပြင်ဆင်မှုတစ်ခုအဖြစ် လာရောက် ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ ဇွန်လ(၃၀)ရက်နေ့မှာတော့ ဟောင်ကောင်ယူ-၂၂အသင်းနဲ့ မြန်မာယူ-၂၂ဘောလုံးအသင်းတို့ ညနေ(၆)နာရီမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဟောင်ကောင်ယူ-၂၂အသင်းကတော့ AFC U-23ခြေစစ်အထောက်အကူပြုစေမယ့်ပွဲတစ်ကောင်းတစ်ပွဲဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဇူလိုင်လ(၂)ရက်နေ့မှာတော့ လူငယ်ကစားသမားများနဲ့ ဖွဲ့စည်းထားတဲ့ ဟောင်ကောင် ယူ-၂၂ အသင်းနဲ့ မြန်မာယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။KBZ Bank Cup 2017  ကတော့ မြန်မာယူ-၂၂ဘောလုံးအသင်းရဲ့ နည်းပြချုပ် ဂတ်ဆီဇီ အတွက် ပွဲစဉ်တိုင်းမှာ စိတ်လှုပ်ရှားစရာပွဲစဉ်များဖြစ်သလို ဆီးဂိမ်းပြိုင်ပွဲနဲ့ AFC U-23  ခြေစစ်ပွဲတွေအတွက် ပြင်ဆင် ရန်အကျိုးရှိတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ မြန်မာယူ-၂၂ဘောလုံးအသင်းရဲ့ နည်းပြချုပ် ဂတ်ဆီဇီက ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေကို မြန်မာအသင်းပရိသတ်များအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ KBZ Bank Cup 2017 ဆီးဂိမ်းအကြို ပြိုင်ပွဲကြီးကို For Sports  ရုပ်သံလိုင်းမှာတိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်သလို Pone Play  Facebook Page  ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။ 

 

 

Related News