KBZ Bank Cup 2017 ပြိုင်ပွဲ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ(၂၂)အသင်းနဲ့ ကမ္ဘောဒီးယားယူ(၂၂)အသင်းတို့ပွဲစဉ်မှာတော့ မြန်မာယူ(၂၂)အသင်းက (၄)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ အဲ့ဒီပွဲစဉ်မှာတော့ အသင်းရဲ့ အဓိက ကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီး ကမ္ဘောဒီးယားအသင်းကို ဘောလုံးအသာ စီးရယူပြီး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူးအောင်သူ ကပွဲချိန် (၁၇)မိနစ်နဲ့ (၄၁)မိနစ်တွေမှာသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ မောင်မောင်လွင်က တတိယမြောက်ဂိုးကို ပွဲချိန်(၆၃)မိနစ်မှာသွင်းယူခဲ့ပါတယ်။ 

အသင်းအတွက် စတုတ္ထဂိုးကိုတော့ အသင်းခေါင်းဆောင် စည်သူအောင်ကပွဲချိန် (၆၅)မိနစ်မှာ အဝေးကစ်နဲ့ လှလှပပသွင်းယူခဲ့ပါတယ်။ ကမ္ဘောဒီးယားအသင်းအတွက် တစ်လုံးတည်းသောခြေပဂိုးကိုတော့ ပွဲချိန်(၄၈)မိနစ်မှာပိုရော့ဒ်က ပြစ်ဒဏ်ဘောကနေသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာလည်း မြန်မာယူ(၂၂)အသင်းကတော့ ကမ္ဘောဒီးယားယူ(၂၂)အသင်းကို (၄)ဂိုး(၁)ဂိုးနဲ့အနိုင်ရရှိပြီး အုပ်စုအစပွဲစဉ်မှာ အဖွင့်လှသွားခဲ့တာဖြစ်ပါတယ်။မြန်မာယူ(၂၂)အသင်းကတော့ ခုကျင်းပတဲ့ KBZ Bank ကစပြိုင်မှာတော့ အုပ်စုအမှတ် အများဆုံးရရှိမှသာ ချန်ပီယံဖြစ်နိုင်မှာဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်နှစ်ပွဲမှာတော့ ရမှတ်တွေရဖို့လိုအပ်တာဖြစ်ပါတယ်။ မြန်မာယူ(၂၂)အသင်းအနေနဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် ဇွန်လ(၃၀)ရက်နေ့မှတော့ ဟောင်ကောင်ယူ(၂၂) အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

 

 

Related News