လေးနိုင်ငံဖိတ်ခေါ်ဖလား၊ KBZ Bank Cup  ဘောလုံးပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေအဖြစ် ကမ္ဘောဒီးယားယူ-၂၂ အသင်းနဲ့ ဂျပန်တက်္ကသိုလ်အသင်း၊ ဟောင်ကောင်ယူ-၂၂ အသင်းနဲ့ မြန်မာယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ မြန်မာယူ-၂၂ အသင်းအနေနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့အတွက် ဟောင်ကောင် ယူ-၂၂ အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရှာဖွေရဦးမှာဖြစ်တယ်လို့သိရပါတယ်။ မြန်မာယူ-၂၂ အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘောဒီးယားယူ-၂၂ အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ပြသနိုင်ခဲ့ပြီး၊ (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
 
အဆိုပါပွဲ စဉ်မှာ မြန်မာအသင်းအတွက်သွင်းဂိုးတွေကို အောင်သူက (၂) ဂိုး၊ မောင်မောင်လွင်နဲ့ စည်သူအောင်က တစ်ဂိုး စီသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာယူ-၂၂ အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး၊ ဟောင်ကောင်ယူ-၂၂ အသင်းကိုအနိုင်ရရှိခဲ့တဲ့ ဂျပန်ယူ-၂၂ အသင်းက တော့ အဆင့် (၂) နေရာမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
 
မြန်မာယူ-၂၂ အသင်းအနေနဲ့ အမှတ်ပေးဇယားကို ဆက်လက်ရပ်တည်နိုင်ဖို့အတွက် လက်ရှိမှာယှဉ်ပြိုင်မယ့် ဟောင်ကောင်ယူ-၂၂ အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲထပ်မံ ရှာဖွေနိုင်ဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာယှဉ်ပြိုင်နေတဲ့ KBZ Bank Cup  ပြိုင်ပွဲကတော့ ရမှတ်အများ ဆုံးရရှိတဲ့ကလပ်အသင်းက ချန်ပီယံဆုကို ရရှိမှာဖြစ်တာကြောင့် မြန်မာယူ-၂၂ အသင်းအနေနဲ့ ဟောင်ကောင် ယူ-၂၂ အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရှာဖွေနိုင်မှသာ ချန်ပီယံဆုအတွက်အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ 
 
KBZ Bank Cup 2017  ဘောလုံးပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေအဖြစ် ကမ္ဘောဒီးယားယူ-၂၂ အသင်းနဲ့ ဂျပန်တက္ကသိုလ်အသင်းတို့ပွဲစဉ်မှာ နေ့လည် (၃) နာရီအချိန်တွင်လည်းကောင်း။ ဟောင်ကောင်ယူ-၂၂ အသင်းနဲ့ မြန်မာယူ-၂၂ အသင်းတို့ပွဲစဉ်ကို ညနေ(၆) နာရီအချိန်တွင် လည်းကောင်း၊For SPORTS ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးအပ်ပါသည်။
 
 

Related News