ဇူလိုင် ၂ ရက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ KBZ Bank Cup 2017  ချန်ပီယံအဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် မြန်မာ U-22 အသင်းနဲ့ ဂျပန်တက္ကသိုလ် ယူ-၂၀ အသင်းတို့ပွဲစဉ်မှာတော့ ဂျပန်တက္ကသိုလ် U-20 အသင်းကအနိုင်ရရှိခဲ့ပြီးKBZ Bank Cup ရရှိသွားခဲ့ပါတယ်။ KBZ Bank Cup 2017  ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ရှုံးပွဲမရှိသေးတဲ့ မြန်မာယူ U-22 အသင်းနဲ့ ဂျပန်တက္ကသိုယ် U-20 တို့ ဇူလိုင် ၂ ရက် ညနေ(၆)နာရီအချိန်မှာစတင်ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ ပြိုင်ပွဲအစမှာတော့ မြန်မာ U-22 အသင်းကအနိုင်ရရှိမှသာချန်ပီယံဖြစ်မှာမို့ တိုက်စစ်ဆင်ကစားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
 
ဒါပေမယ့် ဂျပန်တက္ကသိုလ်အသင်းက ကစားကွက်ပိုမိုချိတ်ဆက်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန်(၅)မိနစ်မှာပဲ ခေါင်းတိုက်ဂိုးကိုခွင့်ပြုလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာ U-22 အသင်းကကစားသမားအပြောင်းအလဲများပြုလုပ်ပြီး ဂျပန်တက္ကသိုလ်အသင်းကို တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာတော့ မြန်မာ U-22အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး အဲ့ဒီပြစ်ဒဏ်ဘောကို တိုက်စစ်ကစားသမား အောင်သူက လှလှပပတိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက်(၁)ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ U-22 အသင်းက အချိတ်အဆက်ပိုကောင်း လာခဲ့ပေမယ့်အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ 
 
အဲ့ဒီနောက်မှာတော့ မြန်မာ U-22အသင်းကကစားအားကျသွားခဲ့ပြီး ဂျပန်အသင်းက အခွင့်အရေးများရရှိခဲ့ပြီး ပွဲပြီးဆုံးခါနီး (၈၈)မိနစ်မှာတော့ ဖြတ်တင်ဘောကနေတစ်ဆင့် ဂျပန်အသင်းက နောက်ထပ်သွင်းဂိုး တစ်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ဂျပန်တက်္ကသိုလ် အသင်းက(၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ပွဲပြီးဆုံးသွားခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို ဂျပန်တက္ကသိုလ်အသင်းက ကျောနံပါတ် (၁၄)ရှုတို၊ ဂိုးသွင်းအများဆုံးကစားသမားဆုကိုတော့ မြန်မာU-22ကစားသမား အောင်သူတို့က ရရှိသွားခဲ့ပြီး ဒုတိယဆုရ မြန်မာ U-22 အသင်းကို ဆုတံဆိပ် နဲ့ ပထမဆုရ ဂျပန်တက္ကသိုလ်အသင်းကို ဆုတံဆိပ်နဲ့ KBZ Bank Cup  ကိုပေးအပ်ချီးမြင့်ခဲ့ပါတယ်။လက်ရှိ မြန်မာU-22 အသင်းဟာဆိုရင် လာမယ့် ဇူလိုင်လ(၁၉)ရက်နေ့မှာ AFC U-23 ခြေစစ်ပွဲကို အိမ်ရှင်အဖြစ်လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး သြဂုတ်လအတွင်းမှာလည်း မလေးရှားနိုင်ငံမှာ ကျင်းမမယ့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။
 
 
 
 

Related News