အာဆင်နယ်အသင်းဟာ ယခုအပြောင်းအရွှေ့ကာလမှာ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး လာမယ့်ရာသီအတွက် တိုက်စစ်ကြီးအပြောင်းအလဲကြီးကြီး မားမားဖြစ်နိုင်ခြေရှိနေပါတယ်။အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး လာမယ့်ရာသီမှာ အလား တူ အခြေအနေမျိုးမကြုံတွေ့ဖို့အတွက် အရည်အသွေးမြင့်ကစားသမားတွေကိုခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါ တယ်။

လက်ရှိမှာ လိုင်ယွန်မှာ လာကာဇက်တီကို ပေါင်(၅၂.၆)သန်းဖြင့် ခေါ်ယူခဲ့ပြီး အသင်းမှာလိုအပ်ချက်အ ဖြစ်ရှိနေတဲ့ အထောင်တိုက်စစ်မှူးနေရာကို ဖြည့်တင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် လာမယ့်ရာသီအတွက် အခြားပစ်မှတ်တွေကိုလည်း ဆက်လက်ခေါ်ယူဖို့ကြိုးစားနေပြီး မိုနာကိုမှ လီမာနဲ့ လက်စတာမှ မာရက်ဇ်တို့ကို ကမ်းလှမ်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့တိုက်စစ်ပိုင်းမှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်သွားနိုင်တဲ့ အချက်က လာကာဇက်တီရောက်ရှိလာတဲ့အတွက် တိုက်စစ်မှူး ဂီရော့ အသင်းမှ ထွက်ခွာသွားနိုင်သလို ဆန်း ချက်နဲ့ အိုးဇေးလ်တို့ကိုလည်း စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတဲ့အချက်တွေဖြစ်ပါတယ်။ဂီရော့ ဟာ လာကာဇက်တီရောက်ရှိလာတဲ့အတွက် ထွက်ခွာဖို့သေချာသလောက်ရှိနေပြီး အလက်ဆစ်ဆန်းချက်က လည်း ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အခြေအနေကြောင့် အသင်းမှထွက်ခွာလိုနေတာဖြစ်ပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ရာသီက နေရာမရခဲ့တဲ့ ၀ဲလ်ကော့ကလည်း အသင်းမှထွက်ခွာဖို့စဉ်းစားနေပြီး အာဆင်နယ်အသင်းက သူတို့နေ ရာအစားထိုးဖို့အတွက်လည်း စီစဉ်ရတော့မှာဖြစ်ပါတယ်။ 

 

Related News