ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်တို့၏ ညွှန်ကြားချက်နဲ့ MFR (Mandalay Free Rider)  စက်ဘီးစီးအဖွဲ့မှ ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ် ရေတံခွန် တောင်တက် Mountain Bike စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲကို ဇူလိုင်လ(၉)ရက်နေ့က မန္တလေးမှာပြုလုပ်ခဲ့ပါတယ်။ ရေတံခွန်တောင်တက် Mountain Bike ပြိုင်ပွဲကို နံနက် ၆ နာရီမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း ဒိုင်းမွန်းပလာဇာရှေ့မှ စတင်တာလွှတ်ပြီး ရေတံခွန်တောင် ထူးမဘုန်းတော်ကြီးကျောင်းမှာ ပန်းဝင်ခဲ့ပါတယ်။ ရေတံခွန်တောင် တက်စက်ဘီးစီးပြိုင်ပွဲမှာ အသက်အရွယ်အလိုက် ပြိုင်ပွဲအမျိုးအစား(၅)မျိုးပါဝင်ပါတယ်။ ပြိုင်ပွဲခရီးအရှည်(၂၄)ကီလိုမီတာရှိပြီး ပြိုင်ပွဲဝင်ဦးရေ (၃၁၄)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
 
တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကို ရေတံခွန်တောင်ဘေးရှိ နေကာတောင်တွင် ဆက်လက် ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲခရီးအရှည် ၁၆၀၀ မီတာရှိပြီး ပြိုင်ပွဲဝင်(၃၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ထိုင်းနိုင်ငံမှ ကစားသမား(၂)ဦးလည်း ပါဝင်ခဲ့ပါတယ်။ တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲမှာ ပြိုင်ပွဲ အမျိုးအစား(၃)မျိုးပါဝင်ပါတယ်။ တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲတွင် Elite (အီလစ်) အမျိုးအစားမှ ဒုတိယဆုရရှိခဲ့တဲ့ ကိုလှဖြိုးက ခုလိုပြောပါတယ်။ ပြိုင်ပွဲဆုတွေကို ငွေကျပ် သိန်း(၆၀)ကျော်ဖိုး ချီးမြှင့်ခဲ့တယ်လို့သိရပြီး ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သူ အားလုံးကို ငွေကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိ lucky draw များ စက်ဘီးနှင့် အခြားဆုမဲများကို မဲဖောက်ပေးခဲ့တယ်လို့သိရပါတယ်။MFR (Mandalay Free Rider)  စက်ဘီးစီးအဖွဲ့ဟာ (၂၀၁၁)ခုနှစ်မှ စတင်ပြီး စက်ဘီးစီးပြိုင်ပွဲများကိုကျင်းပလာခဲ့ရာ ယခုဆိုလျှင် ၉ ကြိမ်မြောက်အထိ မန္တလေးမြို့မှာ ကျင်းပနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
 
 

Related News