ပြီးခဲ့တဲ့ ဇူလိုင်လ(၂)ရက်နေ့ကWBO  ၀ဲလ်တာဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုးသတ်ခဲ့တဲ့ ပက်ကွီအိုနဲ့ ဂျက်ဟွန်းတို့ပွဲစဉ်မှာ အငြင်းပွားစရာတွေရှိခဲ့တယ်ဆိုပြီး ရှုံးနိမ့်ခဲ့တဲ့ ပက်ကွီအိုကWBO အဖွဲ့အစည်းထံ ပြန်လည်သုံးသပ်ဖို့တောင်းဆိုခဲ့ပေမယ့် WBO က ဂျက်ဟွန်းကိုသာ မူလရမှတ်အတိုင်း သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပက်ကွီအိုနဲ့ ဂျက်ဟွန်းတို့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ ဒိုင်လူကြီး(၃)ဦးစလုံးက ဂျက်ဟွန်းကို (၁၁၇)မှတ်၊ (၁၁၁)မှတ်၊ (၁၁၅)မှတ်၊(၁၁၃)မှတ်၊ (၁၁၅)မှတ်၊(၁၁၃)မှတ်နဲ့ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။
 
ပက်ကွီအိုဟာ ပွဲအပြီးမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပြောကြားခဲ့ပေမယ့် ဆုံးဖြတ်ချက်တွေအပေါ်သံသယ၀င်ခဲ့ပြီး ကမ္ဘာ့လက်ဝှေ့အဖွဲ့အစည်း WBO  ထံ ပွဲစဉ်ကို ပြန်လည်ကြည့်ရှုဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။WBO  ဟာ ပက်ကွီအိုနဲ့ ဂျက်ဟွန်းတို့ပွဲစဉ်ကို မတူညီတဲ့နိုင်ငံတွေမှ ဂုဏ်သတင်းကျော်စောတဲ့ ဒိုင်လူကြီး(၅)ဦးကိုပြန်လည်ကြည့်ရူဆုံးဖြတ်စေခဲ့ပေမယ့်ဂျက်ဟွန်းကသာ အနိုင်ရခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။WBO ကထုတ်ပြန်ရာမှာ ပက်ကွီအိုက Round (၅)ခုသာ အနိုင်ရရှိခဲ့ပြီး ဂျက်ဟွန်းက Round (၄)ခုကိုရာနှုန်း ပြည့်အနိုင်ရရှိတာအပါအ၀င် (၇)ခုထိအနိုင်ရခဲ့တယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပက်ကွီအိုဟာ ယခုပွဲစဉ်ကို ရှုံးနိမ့်ဖို့သေချာသွားခဲ့ပြီး နောက်ဆုံးထိုးသတ် ခဲ့တဲ့(၉)ပွဲမှာ (၄)ပွဲမြောက်ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။ 
 
 
 

Related News