၂၀၁၇ ရွှေခါးပတ် ချန်ပီယံဗိုလ်လုပွဲကြီး၏ သတင်းစာရှင်းလင်းပွဲကိုတော့ ယနေ့ နံနက် (၈)နာရီ သိမ်ဖြူအားကစားရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါပြိုင်ပွဲကို ၀ိတ်တန်း(၇) တန်းအတွက် ပြိုင်ပွဲဝင် (၅၃)ဦးနဲ့ ကလပ်အသင်း (၂၂)သင်းက၀င်ရောက်ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို အမှတ်ပေးစနစ်နဲ့ကျင်းပ ပြုလုပ်မှာဖြစ်ပြီး တာဝန်ယူဆောင်ရွက်မဲ့ ဒိုင်များကိုလည်း စည်းမျဉ်း၊စည်ကမ်း သတ်မှတ်ချက်များနဲ့ အညီ အမှတ်ပေးသွားဖို့လည်း ပွဲစီစဉ်သူ ကအခုလိုပြောပြသွားခဲ့ပါတယ်။ရွှေခါးပတ်ချန်ပီယံလုပွဲကြီးကို ဇူလိုင်လ ၁၅၊၁၆ ရက်နေ့များမှာ ကွာတား ဖိုင်နယ် ပွဲစဉ်များကိုစတင်ပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲစဉ် နောက်ဆုံးပွဲစဉ်တွင် နိုင်ငံတကာစိန်ခေါ်ပွဲတစ်ပွဲ လည်း ပါဝင်မှာဖြစ်ပါတယ်။ နိုင်ငံတကာစိန်ခေါ်ပွဲစဉ်တွင် ဖျံသွေး(မြန်မာ) နဲ့ အီကျုစံ (ထိုင်း)တို့က အလဲထိုးစနစ်ဖြင့်ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီးပါဝင်ထိုးသတ်မယ့် ဖျံသွေးကလည်း အခုလိုပဲပြောပြသွားခဲ့ပါတယ်။
 
ဖျံသွေးနဲ့ ထိုးသတ်မဲ့ ထိုင်းဖိုက်တာအီိကျုစံအနေနဲ့ အခုပွဲစဉ်ဟာ ရိုးရာလက်ဝှေ့ကို ဒုတိယအကြိမ်ထိုးသတ်မှာဖြစ်ပြီး ပထမအကြိမ်မှာ စောဂေါ်မှုတိုနဲ့ထိုးသတ်ခဲ့ရာ သရေကျထားခဲ့တာလည်း ဖြစ်ပါတယ်။ ခုလာမယ့် ဖျံသွေးနဲ့ထိုးသတ်မယ့်ပွဲစဉ်နဲ့ပတ်သတ်ပြီး အီကျူစံအနေ နဲ့ကလည်း အခုလိုပဲပြောသွားခဲ့ပါတယ်။ရွှေခါးပတ်ချန်ပီယံလုပွဲကြီး ကွားတာဖိုင်နယ် (၂) ရက်၊ ဆီးမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ စုစုပေါင်း (၄)ရက်ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ကွာတားဖိုင်နယ် ပထမနေ့တွင် ငါးထောင် ကျပ်၊ တစ်သောင်းခွဲကျပ်၊ နှစ်သောင်း ကျပ်ဆိုသတ်မှတ်ထားပြီး ကျန်နေ့များတွင်တော့ တစ်သောင်း၊ နှစ်သောင်း၊နှစ်သောင်းခွဲ၊ လေးသောင်း နဲ့ ခုနှစ်သောင်းဆိုပြီး သတ်မှတ်ထားပါတယ်။
 
 

Related News