၂၀၁၇ ရွှေခါးပတ်ချန်ပီယံလုပွဲ ကွာတားဖိုင်နယ်ဒုတိယနေ့ပွဲစဉ်တွေကို ဇူလိုင်လ ၁၆ ရက်က သိမ်ဖြူအားကစားကွင်းမှာ ကျင်းပခဲ့ပြီး အထူးစိန်ခေါ်ပွဲဖြင့်ထိုးသတ်ခဲ့တဲ့ ဖျံသွေးနဲ့ အီကျူစံတို့ပွဲစဉ် ကတော့ ပူးတွဲသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရွှေခါးပတ်ချန်ပီယံလုပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များကို ၀ိတ်တန်း (၃) တန်း၊ ပွဲစဉ် ၁၂ ပွဲဖြင့်ကျင်းပခဲ့ပါတယ်။ ၅၄ ကီလိုတန်းမှာ ၄ ပွဲ၊ ၆၀ ကီလိုတန်းမှာ ၄ ပွဲနှင့် ၆၇ ကီလိုတန်းမှာ ၃ ပွဲ တို့ကိုယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာအထူးစိန်ခေါ်ပွဲအဖြစ် ဖျံသွေး (မြန်မာ) နဲ့ အီကျူစံ (ထိုင်း)တို့ ထိုးသတ်ခဲ့ကျပါတယ်။

အဆိုပါပွဲစဉ်ဟာ အကြိတ်နယ်ရှိခဲ့ပြီး ဖျံသွေးကအသာစီး ထိုးသတ်ခဲ့ရာ ဒုတိယအချီမှာတော့ အီကျူစံကအနားတောင်းခဲ့ပြီး တတိယအချီမှာတော့ ဖျံသွေးရဲ့ ထိုးချက်ကြောင့် အီကျူစံလဲကျခဲ့ပြီး အမှတ်စဉ်ရေတွက်ခါနီးမှာတော့ ပွဲချိန်ပြည့်ခေါင်းလောင်းတီးခဲ့ရာ ဖျံသွေး အတွက်နစ်နာခဲ့ရပါတယ်။ ပွဲစဉ်နဲ့ပတ်သတ်ပြီးတော့ ပြိုင်ပွဲမှ ခုံဒိုင်ချုပ်ဦးဒေါင်းနီမှလည်း အခုလိုပဲပြောပြခဲ့ပါတယ်။ အဆိုပါစိန်ခေါ်ပွဲစဉ်ကတော့ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး  ၅ ချီအရောက်မှာတော့ နှစ်ဦးစလုံး စင်အောက်ပြုတ်ကျခဲ့သည်အထိ အကောင်းဆုံးထိုးသတ်ခဲ့ကြပြီး ပူးတွဲသရေသာဖြစ်ခဲ့ပေမဲ့လည်း ဖျံသွေးအနေနဲ့ ပရိသတ်အကြိုက်ထိုးသတ်နိုင်ခဲ့တဲ့အတွက် အားရကျေနပ်မှုရှိကြောင်း အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

ထိုင်းကစားသမား အီကျူစံကတော့ ပထမပွဲစဉ်မှာ စောဂေါ်မူဒိုနဲ့ ထိုးသတ်ခဲ့ပြီး သရေပွဲရရှိခဲ့သူ လည်းဖြစ်ပါတယ်။ အခုပွဲစဉ်မှာတော့ ဖျံသွေးနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ပူးတွဲသရေသာရရှိခဲ့သော်လည်း ဖျံသွေးကို ပြန်လည် ထိုးသတ်လိုကြောင်းအခုလိုပြောပြသွားခဲ့ပါတယ်။ရွှေခါးပတ်ချန်ပီယံလုပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင်လ ၂၃ ရက်နေ့တွင် သိမ်ဖြူ အားကစားကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး အထူးစိန်ခေါ်ပွဲစဉ်အဖြစ် ရဲသွေးနီနဲ့ကရင်လေး တို့ပွဲစဉ်လည်းပါဝင်မှာဖြစ်ပါတယ်။

 

 

Related News