ပဉ္စမအကြိမ်မြောက် ခေတ္တရာဝါဆိုခြင်းပွဲတော်ကို ဇူလိုင်လ(၂၀)ရက်နေ့ မနက်၉နာရီက ပြည်မြို့ ခေတ္တရာရွှေပြည် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ၀ါဆိုခြင်းပွဲတော်ကို ပြည်မြို့နယ် မြန်မာ့ရိုးရာ ခြင်းလုံးဆပ်ကော်မတီက ကြီးမှုးကျင်းပတာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ  အသင်းပေါင်း(၁၅၄)သင်းက ၀င်ရောက် အလှခတ်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ခြင်းလုံးအလှခတ် ကစားရာမှာတော့ တစ်နေ့လျှင် ပွဲပေါင်း(၃၁)ပွဲ အလှခတ် ကစားသွားမှာ ဖြစ်ပြီး မနက်၉နာရီကနေ ည၁၂နာရီထိ အလှခတ်ကစားသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ၀ါဆိုခြင်းပွဲတော်ကို ကျင်းပလာခဲ့တာဆိုရင် (၅)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ယခုနှစ်မှာတော့ မြန်မာ့လက်ရွေးစင် ကစားသမားများနဲ့ မျိုးဆက်သစ်ကစားသမား အပြင် ၀ါသနာရှင်များ နဲ့ လက်ရွေးစင်ဟောင်းကစားသမားများပါ ပါဝင်တယ်လို့သိရပါတယ်။ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ ခေတ္တရာဝါဆို ခြင်းပွဲတော်ကို ဇူလိုင်လ၂၀ရက်နေ့ကနေ ၂၄ရက်နေ့ထိ (၅)ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

 

 

Related News