အလှပြစတန့်ဖန်တီးမှုများစွာနဲ့ စီးနင်းကစားရတဲ့ BMX Bikes များကို ၂၀၁၅ နောက်ပိုင်း ပြည်တွင်းမှာပိုမိုလူသိများလာခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုကိုယ်တိုင်စီးနင်းကစားနေသူတွေကတော့ အခက်အခဲတွေအပြည့်နဲ့ပါ။ 
ဒါကတော့ ရန်ကုန်က BMX ကစားသမားတွေပါ။ နိုင်ငံတကာနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ BMX  ဟာ ပုံမှန်ပြိုင်ပွဲပေါင်းစုံနဲ့ ကျော်ကြားတဲ့ ကစားနည်းတစ်ခုဖြစ်နေပြီဖြစ်ပေမယ့် BMX ကွင်းတောင် တိတိကျကျ မရှိသေးတဲ့သူ့တို့အတွက် လှည်းတန်းကုန်းကျော် တံတားအောက်က အကောင်းဆုံးလေ့ကျင့်ရေးနေရာ ဖြစ်နေပါတယ်။  ရှိတဲ့ BMX  ဘီးလေးတွေနဲ့ နိုင်ငံတကာက BMX viedo ဖိုင်တွေကို့ You tube က ကြည့်ရင်းလေ့ကျင့်နေတဲ့သူတို့ဆီကအခုဆို နိုင်ငံ့လက် ရွေးစင်အရံတောင် အခေါ်ခံခဲ့ရပါတယ်။ လက်ရှိမှာသူတို့အတွက်BMX ကွင်းနဲ့ လေ့ကျင့်ရေး ပစ္စည်းတွေက အဓိကလိုအပ်ချက်လို့ ပြောပါတယ်။
 
အသက်(၁၅)နှစ်အရွယ် စိုင်းအောင်ဇော်မြင့်ကတော့ လက်ရှိ Myanmar BMX Riders ရဲ့ အသက် ငယ်ဆုံးကစားသမားလေးပါ။ သူ့အနေနဲ့ကွင်းနဲ့ လေ့ကျင့်ရေးပစ္စည်းမလုံလောက်တဲ့ကြား က BMX ကို လေ့ကျင့်လာတာ ၂နှစ်လောက်ရှိပါပြီ။ BMX ရဲ့အလှကွက် တစ်ခုစီတိုင်းက လေ့ကျင့်ရာမှာ အထိအခိုက်တွေများပါတယ်။ ဒါပေမယ့် သူကတော့ အထောက်အပံ့ကောင်းတွေသာ ရရင် နိုင်ငံတကာအဆင့်ထိ ရောက်နိုင်တယ်လို့ ယုံကြည်ထားသူပါ။
မြန်မာနိုင်ငံမှာတော့ BMX ကစားနည်းက ၂၀၁၅ နောက်ပိုင်းမှာ လူပိုသိလာပါတယ်။ BMX ပြိုင်ပွဲဆိုပြီး မရှိသလောက်နည်းတဲ့ ပြည်တွင်းမှာ BMXကစားသမားအချင်းချင်း ပညာဖလှယ်နိုင်ဖို့ အချင်းချင်းစုပြီး BMX  Day ဆိုပြီး မနှစ်က(၂၀၁၆)ခုနှစ်ကစပြီး ပြုလုပ်လာတာပါ။ အခုနှစ်မှာလည်းတစ်နိုင်ငံလုံးက BMX ၀ါသနာရှင်တွေနဲ့ ကစားသမားတွေစုပြီး လာမယ့် ဇူလိုင်၂၃ ရက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နဲ့ လှည်းတန်းဂုံးကျော်တံတား အောက်တို့မှာ BMX Day 2017 ၂၀၁၇ ဆိုပြီးပြုလုပ်ကြဦးမှာပါ။ BMX ကစားနည်းဟာ ၁၉၇၀ခုနှစ် နောက်ပိုင်းမှာပေါ်ပေါက်လာတာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ BMX ကိုပဲ Racing၊ Part၊  Street ၊ ဖလက်လန်းနဲ့  darkjump ဆိုပြီးအမျိုးအစား ခွဲကာကစားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အထူးပြုလုပ်ထား တဲ့ BMX သီးသန့်ကွင်းတွေ မရှိတာကြောင့် Part ကိုတော့ မလေ့ကျင့်နိုင်သေးပါဘူး။လက်ရှိ BMX စက်ဘီးတစ်စီးကိုတော့ ၀ါသနာရှင်အဆင့်အတွက် ငွေကျပ်(၂)သိန်းခွဲကနေ ပရော်ဖက်ရှင်နယ် အဆင့်ထိဆိုငွေကျပ် သိန်း ၃၀ ကနေ ငွေကျပ်သိန်း (၇၀)တန်လောက်အထိ ရှိတယ်လို့သိရပါတယ်။
 
 

Related News